R GAN NU
Sunday, June 30, 2013
သူရဲကောင်း
လူအမျိုးမျိုး နတ်အထွေထွေ
အတွေးတစ်မျိုးစီ၊ ပညာမညီကြ
အဲဒါလူ့လောက။
ဥာဏ်ပညာနည်း၊ ဥစ္စာမွဲကာ
ဆင်းရဲရှာကြ
ရတာအကုန်ယူ၊ ငြူစူခံရဲ
ခံယူချက်မွဲကာ၊ ဘာမဆိုလုပ်ရဲ
အမှားအမှန်မခွဲခြား
သွားဆိုသွား၊ ထိုင်ဆိုထိုင်
ငိုင်မနေနဲ့
စားဆိုစား၊ ၀ါးရတာကို ကျေနပ်လို့
အတောင်တွေတတ်ကာ
အရောင်တွေဆိုးပေးထားကြတာ
အဲဒါစွမ်းအားရှင်တွေ .......
လူရည်ကအတော်လည်
ထည်ထည်လေးနေလိုတဲ့ကျင့်
အခြောင်ရမယ်ဆို ပြုံးချိုတဲ့ မျက်နှာထားတွေနဲ့
နှစ်လုံး သုံးလုံး ဘောလုံးပါမကျန်
ဟန်အပြည့်ထုတ်
လောင်းကစား အကုန်လုပ်တဲ့
စားခွက်အနီးက အကောင်ကြီးစတိုင်ဖန်းလို့
ချမ်းသာချင်လိုက်ကြတာ
လုပ်သမျှအကုန်ကာ၊ အကုန်ဖာဘို့
ယုံကြည်ရာမထား၊ ပညာမပါတဲ့ အတွေးတွေနဲ့
ကြံ့ခိုင်ရေးဆိုတာတွေ ..................
သြော် .......
ဒီလိုလောက၊ ဒီဘဝ
ဒီအစိုးရမျိုးမှာ ............................
အမှားအမှန်၊ ဝေဖန်ပိုင်းခြား
အတွေးများနဲ့
ယုံကြည်မှုထား
မှားရင် လှည့်မကြည့်၊ တိကျတဲ့အမြင်
စင်ကြယ်တဲ့သီလ
လက်မကိုထောင်
အသက်နဲ့ ဘ၀ကိုတောင် အပေါင်ထားရဲ့ကြတဲ့
အမောင်သူရဲကောင်းအပေါင်းတို့
အသင်တို့ရဲ့ ၀ိညာဉ်တွေဟာ
ကောင်းကင်ယံမှာ၊ ကမ္ဘာတည်နေသ၍
လင်းလက်တောက်ပ တည်နေကြမယ်ဆိုတာ ......................
...............................................................................
R Gan Nu
30.6.2013
Posted by Unknown at 4:35 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
နောက်ဘ၀ကျမှ
သြော် ......
လောကကြီးရဲ့ကောင်းကျိုးတွေ
လူသားတွေရဲ့ ကောင်းကျိုးတွေ ...
ကြီးမားတဲ့ မေတ္တာ၊ စေတနာတွေထားပြီး ...
ကြိုးစားလုပ်ဆောင်ခဲ့ကြတာ ......
အသိအမြင်ကကြီးမားပြီး၊ မေတ္တာတရားတွေကကြီးမားကြတော့ ...
အခက်အခဲတွေ၊ ဒုက္ခတွေအမျိုးမျိုး၊ အနှောက်အယှက်တွေအမျိုးမျိုးကို
အပြုံးမပျက် ခွင့်လွတ်သည်းခံခြင်းတရားတွေနဲ့
လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုး
ဆောင်ရွက်ကြိုးပမ်းခဲ့ကြတဲ့ ကျေးဇူးရှင်တွေကို
ဦးညွှတ်ပါတယ် ...
ဒူးထောက်ပါတယ် ...
ရှိခိုးကန့်တော့ပါတယ် ...
..............................
ကျွန်တော်မျိုး ဘာကောင်းကျိုးမှ မဆောင်ရွက်နိုင်ခဲ့သေးတဲ့
လူမိုက်ကြီး၊ ကိုယ်ကျိုးရှာ၊ တစ်ကိုကောင်းသမား အတ္တကြီးတဲ့
ငမိုက်သား R Gan Nu .....
အမျိုးစောင့်ရမလား၊ မစောင့်ရဘူးလား ...
969 ရမလား မ 9 ရဘူးလား ...
ကြံ့ဖွံ့နဲ့ပေါင်းပြီး ဘာတောင်းရရင်ကောင်းမလဲ ....
NLD မှာ အာဏာရလိုရငြား ယောင်ဝါးလိုက်ရမလား ...
စစ်တပ်နဲ့ပေါင်းပြီး ပညာဘေးထား စီးပွါးလုပ်ပြီး ခြိမ်းခြောက် အော်တာငေါက်တာ လုပ်ရမလား ..နဲ့
ဖေ့စ်ဘုတ်သုံးရင်း အကုသိုလ်တွေပွါးပြီး နေလာလိုက်တာ ...
သေခါတောင်နီးနီးလာပြီ။
................................
မထူးတော့တာမို့
ဒီဘ၀တော့ ခွင့်လွတ်လိုက်ပါခင်ဗျာ။
နောက်ဘ၀ကျမှ ဆပ်စရာအကြွေးတွေဆပ်ရင်းနဲ့ ......
ကောင်းကျိုးတွေကို သိသိကြီးနဲ့ဘဲ ...
ဆက်မိုက်မိနေမလား မပြောတတ်ပါဘူး။
...................................
ကိုယ်ကျင့်တရားစောင့်ထိမ်းသူအား
ဦးညွှတ်ပါ၏။
ကိုယ်ကျင့်တရားနှင့် ပညာကြီးမြင့်သူအား ...
ဒူးထောက်ပါ၏။
ကိုယ်ကျင့်တရား နှင့် ပညာကြီးမြင့်ပြီး တည်ကြည်သော သမာဓိရှိသူအပေါင်းအား
လက်ဆယ်ဖြာမိုးကာ ရှိခိုးကန့်တော့ပါ၏။
Posted by Unknown at 4:26 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
လွတ်တော်အမတ်ရုံး
ပြောကွာ ဘာတုန်း ....
- NLD ကိစ္စပါ
အရေးထဲကွာ၊ ၀ီရသူကတမျိုး၊ TIME ကတမျိုး၊ မျိုးစောင့်ဥပဒေကတမျိုး ရှုပ်နေရတဲ့အထဲ
မင်းကလာပြန်ပြီ NLD ကိစ္စ ပြော
- ဒီလိုပါ ရှုပ်နေလို့
ရှုပ်တာကတော့ မင်းပြောမှလားကွ သူဟာသူရှုပ်ရှုပ်
- မဟုတ်ဘူးဆရာ ရှုပ်တာက NLD ရုံးတွေ နဲ့ လွတ်တော်အမတ်ရုံးတွေ အဲဒါ
အဲဒါဘာဖြစ်လဲ
- ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အရွေးခံခဲ့ကြရတဲ့ လွတ်တော်ကိုယ်စားလှယ်တွေက
အခု သူတို့မြို့နယ်တွေမှာ အမတ်ရုံးတွေဖွင့်ပြီး လှုတ်ရှားမှုတွေ လုပ်နေကြတယ်။
လုပ်ရမှာပေါ့ကွ ဒါလုပ်သင့်လို့လုပ်တာ
- မဟုတ်ဘူးဆရာရ
အမတ်နဲ့ ပါတီရုံးနဲ့ တသားတည်းဖြစ်တဲ့၊ ပြောရရင် တည့်တည့်ရှိရှိ ရှိကြတဲ့ မြို့နယ်တွေမှာ
ပြသနာမဟုတ်ဘူးပေါ့ဗျာ ....
အမတ်နဲ့ ပါတီရုံးနဲ့ မတည့်တဲ့ မြို့နယ်တွေကျ ဘယ်သူအဖေခေါ်ရမှန်းမသိ ဒုက္ခရောက်ကြရတော့တာဘဲ။
အေး စိတ်တော့ဝင်စားစရာအကောင်းသား အဲဒါဘာဖြစ်လဲ
- အဲဒါဘာဖြစ်လဲဆိုတော့ အမတ်ရုံးကလဲ တောင်သူလယ်သမား ပြသနာဖြေရှင်းရေးတာဝန်ခံက
တမျိုးဖြေရှင်း ဟို သူနဲ့မတည့်တဲ့ ပါတီရုံးက တောင်သူလယ်သမား တာဝန်ခံကလဲ ဒီကောင်ပြောတာ မဟုတ်ဘူး ဒီလိုနဲ့ ရှုပ်နေတာဘဲ။ ပြောတော့ နှစ်ယောက်လုံးက ဒေါ်စုပါတီ NLD တဲ့ဗျ။ ကဲကျုပ်တို့ ရပ်ကျေးတွေက ဘာလုပ်ရမှာတုန်း။
ပြေလည်အောင်ညှိပေးလိုက်ပေါ့ကွာ။
မရဘူးဗျ သူတို့တစ်တွေက အရင်ကတည်းကမတည့်ကြတာ၊ တစ်ယောက်က အဖြူဆို တစ်ယောက်ကအမဲ အဲလိုဖြစ်နေတာ။
နောက်ပြီး ပိုဆိုးတာက ပါတီရုံးအဖွဲ့တွေနဲ့ မတည့်တဲ့ သူတွေက အမတ်ရုံးမှာသွားစုနေကြပြီး တစ်ဦးနဲ့တစ်ဦး ရန်ဆောင်အပုတ်ချနေကြတာ။
ဒါဆိုလဲ ဘယ်သူနဲ့မှ ဘာမှမလုပ်နဲ့တော့ပေါ့ကွာ ရှင်းနေတာဘဲ
အဲဒီလိုလဲ မဖြစ်သေးဘူးဗျ၊ ကျုပ်တို့က ဒေါ်စုမှဒေါ်စု၊ NLD မှ NLD ဖြစ်နေကြတာမို့။
အေး ဒါဆိုလဲ မတည့်တဲ့သူတွေ ဒုတ်နဲ့ဒါးပေးပြီး ဆော်အောင်မြှောက်ပေးလိုက်ကြ ဒါဘဲရှိတော့တာ။
မင်းတို့ တိုင်းတွေ ဗဟိုတွေက ဘာမှမပြောဘူး မလုပ်ဘူးလား။
အဲဒါတော့ မသိဘူးလေ ......
ဒါဆိုလဲ မင်းတို့ NLD ဗဟိုကို massage လှမ်းပေးလိုက်ပါဦးမယ်။
ဒါနဲ့ ဆရာကဘာတုန်း
ငါကလား
အင်း
ငါက လူထုမောင်ကာဠု နဲ့ ဒေါက်တာဆိတ်ဖွားတို့ အဖေဘဲ။
ဟာ ... ဆရာကလဲ ကိုယ်ဟာကိုယ့် ခွေးမျိုးထဲရောက်သွားအောင် .....
အောင်မာ အောင်မာ မင်းကငါ့ကို ..... လာလေ့ကွာ ... သေပေရော့ .........
အောင်မလေးဗျ ....... အောင်မလေး
မှတ်ပီလားကွ ........ ကွ .......။
သွား .... မင်းတို့ကိစ္စ ၀ိစ္စတွေ လာမရှုပ်ကြနဲ့ .......................................
Posted by Unknown at 4:21 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
စစ်သူတောင်းစားတက္ကသိုလ်
စစ်အစိုးရလက်ထက်တွင် ပညာရေးကို အထူးအားပေးသည့်အနေဖြင့်
တက္ကသိုလ်ကောလိပ်များ အများအပြားဖွင့်လှစ်ပေးခြင်း၊
ဒီဂရီများ၊ ဘွဲ့ထူးဂုဏ်ထူးများကိုလည်း တိုးမြင့်ပေးအပ်ချီးမြင့်ခြင်းများ ပြုလုပ်ခဲ့သည်မှာ
အလွန်ပင် ၀မ်းမြောက်ဂုဏ်ယူစရာကောင်းလှပါသည်။
ဆေးတက္ကသိုလ်များကို တိုးချဲ့ပြီး စစ်ဆေး တက္ကသိုလ်
အင်ဂျင်နီယာတက္ကသိုလ်များကို တိုးချဲ့ပြီး စစ် အင်ဂျင်နီယာတက္ကသိုလ်
စသည်ဖြင့် စသည်ဖြင့် ဖွင့်လစ်ပေးပြီး
စစ် စစ် စစ် ပညာရှင် အများအပြားမွေးထုတ်ပေးခဲ့ပါသည်။
သို့ပါသော်လည်း
ကျွန်တော်တို့ ပြည်သူအများအပြား မသိကြ
တက်ရောက်ပညာသင်ကြားခြင်းလည်း မပြုနိုင်ခဲ့ကြသေးသော
ထိပ်ပိုင်းခေါင်းဆောင် များသာတက်ရောက်ပညာသင်ယူခဲ့ကြသည့်
စစ် သူတောင်းစား တက္ကသိုလ်မှာ
မည်သည့်နေရာတွင် ဖွင့်လှစ်ထားသည်ကို မသိရှိရပါကြောင်း။
၎င်းတက္ကသိုလ်မှာ ယနေ့အချိန်ထိဖွင့်လှစ်သင်ကြားလျှက်ရှိနေပြီး
စုန်းတောက်သလို၊ သရဲချောက်သလို ပညာရပ်များ၊ တီးလုံးတီးကွက်များကို
သင်ကြားပို့ချနေသည်ဟု ယူဆရပါကြောင်း။
ဲကဲ ......... ပညာတော်သင်မိတ်ဆွေအပေါင်းတို့
အဲဒီ စစ်သူတောင်းစားတက္ကသိုလ်ကို ဖော်ထုတ် မီးသဂြိုလ်ပစ်လိုက်ပြီးမှ သာ ....
ဒီမိုကရေစီ ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါလိမ့်မဗျား ........................................
Posted by Unknown at 4:18 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖွတ်ပဒတ်ပါတီ
R Gan Nu တို့ ဖွတ် ပဒတ် ပါတီကြီးအနေနဲ့
မြန်မာကရော ကမ္ဘာကပါ လေးစားသမှုရှိစေရန် ......
ဝေစား မျှစား ခိုးစားတောင်းစား အစည်းမကပ် ထောင့်ထောင့်အောင့်အောင်ရှိသော
ပုဂ္ဂိုလ်များကို ပါတီမှ စိန်တစ်ပြည် ဆီအလုံးတစ်ထောင် မှောင်ခိုကား အစီးတစ်ရာ နေအိမ်ခြံဝန်း တိုက်တာ အုတ်ဂူပါမကျန် အားလုံးပေးအပ်ပြီး ပါတီမှ နှင်ထုတ်လိုက်ပါသည်။
တောပြော တောင်ပြော မရေမရာ ဗလေဗဇာ တန်ဘိုးမဲ့စကားများသာပြောတတ်ကြသူ
လူများနှင့်သာဖွဲ့စည်းထားသည့် ပါတီကြီးဖြစ်သည့်အတွက်ကြောင့်
တီးလုံးတိုက်ကာ သင်ကြားပြသထားသည်တို့သာ
ပြောဆိုကြရန်အတွက်
မရှိမဲ့ရှိမဲ့ သိက္ခာကို စောင့်စည်းခြင်းအားဖြင့်
ပါတီကြီး၏ အရေးကိစ္စများကို ထိုသူများကသာ ပြောဆိုကြရန်
အူကြောင်ကြား ပြောရေးဆိုခွင့်ရှိသူများအဖြစ်
ဂုတ်ကြား၊ အောင်နက်၊ နဖြူ၊ နနီ တို့လေးဦးအား
တာဝန်ပေးအပ် ခန့်ထားလိုက်ပါကြောင်း ..............
.................................................................
ပုံ - ဖွတ်ကြား R Gan Nu (အတွင်းရေးမှူး ချုပ်မှူး ချုပ်)
ဖွတ် ပဒတ် ပါတီကြီး၊ မြန်မာနိုင်ငံ၊ အရှေတောင်အာရှ၊
ဘဒ္ဒကမ္ဘာ
Posted by Unknown at 4:17 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖုံးထားလို့ရမလား
မင်းဘယ်သူပြောတာတုန်း ...
- အဲဒီနားတ၀ိုက်ကလူတွေပြောတာ
သေရေသေချာရဲ့လားကွာ
- သေချာတယ် ၊ တစ်နေ့ပေါ်မှာဘဲ
ဒါဖြင့်အဲဒီ ရဲစခန်းက ဘာတွေအလုပ်လုပ်ပြီး ဘယ်နယ်နဲ့ သက်ဆိုင်တာတုန်း
- ဒါတော့ သိဘူးလေ
အေး အဲဒီစခန်းက တာဝန်ကျတဲ့ကောင်တွေ မကြောက်ကြဘူးလားဟ
သူတို့စခန်းအောက် မသေမရှင်နဲ့ လူတွေအစုလိုက်အပြုံလိုက် မြုပ်ထားတာဆိုတော့
- ဒါလဲသိဘူးလေ
(တခြားတစ်ယောက်) မင်းတို့ကဘာတွေဖြစ်ပြီး ဘာတွေပြောနေကြတာတုန်း
စခန်းတွေရော သေတာတွေရော မြုပ်တာတွေရော ....
..................................................
ဒီလိုအဘရေ ...
ဒီပဲရင်းမေ၃၀ အရေးအခင်းမှာ စစ်အစိုးရက
ဒေါ်စုနဲ့ ပါတဲ့သူတွေကို ယုတ်ယုတ်မာမာ လုပ်ကြံပြီး လူသတ်ပွဲကြီးလုပ်ခဲ့တယ်လေ
အဲဒီမှာ ပါသွားကြတဲ့ သူတွေ၊ သေတဲ့ သူတွေ၊ မသေမရှင်သူတွေ အကုန်လုံး ဘူဒိုဇာနဲ့ထိုးပြီး
ကျင်းကြီးလုပ်၊ အဲဒီကျင်းကြီးထဲလူတွေကိုထည့် ပြီးမြုပ်ထားတာ။
အဲဒါကို ဖော်မရအောင် မပေါ်အောင်ဆိုပြီး အဲဒီမြုပ်ထားတဲ့အပေါ်ကို ရဲစခန်းလုပ်တာတဲ့ဗျား၊ အဲဒီရဲစခန်းက ဒီပဲရင်းမြို့ရဲ တောင်ဘက်နားမှာ ရှိတယ်တဲ့ ....အဲဒီလိုသူပြောတာ
အဲဒါကို ကျွန်တော်က ဟုတ်လို့လားလို့ မေးနေတာ။
Posted by Unknown at 4:16 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
သဘောအကျဆုံး
မင်းအလေးစားဆုံးနဲ့ သဘောအကျဆုံးလူကို ပြောစမ်းကွာ ...
- ဦးသန်းရွှေ
ထွီ ......ဒီအောနှလုံးနာအကောင်ကိုမှ ....
- ဟာ ခင်ဗျားနဲ့တူမလားဗျ ခင်ဗျားမေးလို့လဲပြောရသေးတယ်။
ပြောစမ်းပါဦး မင်းသဘောကျတဲ့ အကြောင်းအရာတွေ
- ဒီလို သူက ကိုယ်ကျိုးမကြည့်ဘူး၊ ချစ်တတ်ခင်တတ်တယ်။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသူတွေကိုစာနာတယ်။ အမြဲတမ်း သန့်သန့်ရှင်းရှင်းရှိဘို့ လိုက်လုပ်ပေးတယ်။
ဂုဏ်မမောက်ဘူး၊ မာနမထားဘူး၊ အားလုံးကို ပျော်အောင်ထားတယ် ပျော်အောင်နေတယ်
ဇရပ်ပေါ်မှာနေရတာတောင် ၊ လာတည်းခိုတဲ့သူရှိရင် သူက ....
နေပါဦး ဒါနဲ့ မင်း ဦးသန်းရွှေကဘယ်သူပြောတာတုန်း ..
ဟိုတစ်နေကမှ ဇရပ်ပေါ်သေသွားတဲ့ စိတ်မနှံတဲ့ မပူတူးယောက်ျား ဦးသန်းရွှေ ပြောတာ ...
တကတည်းမှဘဲ အဟုတ်မှတ်လို့ နားထောင်နေတာ၊ လခွီးမှဘဲ ......
Posted by Unknown at 4:13 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Monday, May 20, 2013
နိုင်ငံရေး နှင့် အမှန်တရား
ဦးခင်ညွန့်
တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း
ဦးခင်ညွန့်
နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို နားမလည်ပါ။
နိုင်ငံရေး ဆိုတာကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခြင်းမရှိပါ။
နိုင်ငံရေး၏ အနက်အဓိပ္ပါယ်ကို
အာဏာရှင်စစ်အစိုးရ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်မှာ အစိုးရနှင့်အာဏာပိုင်အဖွဲ့အစည်းကိုဆန့်ကျင်ခြင်း
အဖျက်လုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
အထက်ပါသဘောတရားအတိုင်းလည်း ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်စီမံလုပ်ဆောင်ခဲ့ပါသည်။
စစ်အစိုးရလက်ထက်တွင်
ဝန်ထမ်းများပါတီ နိုင်ငံရေးကင်းရှင်းရမည်။
ပါတီိနိုင်ငံရေး ကင်းရှင်းကြောင်း လက်မှတ်ထိုးပါ။
ပါတီနိုင်ငံရေး မလုပ်တော့ပါကြောင်း ၀န်ခံကတိလက်မှတ်ထိုးပါ။
စသည်တို့ဖြင့် အာဏာရှင်စစ်အစိုးရက ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်း မပြုဝံ့အောင်
နိုင်ငံရေးဆိုသည့် အဓိပ္ပါယ်ကို လွဲခြော်စွာ လုပ်ဆောင်ခဲ့ကြပါသည်။
ထိုအလွဲအခြော်ကြီး အတိုင်းပင်
ဖမ်းဆီးထိမ်းသိမ်းခြင်းခံခဲ့ရသော၊ နိုင်ငံရေးတွင် ကျရှုံးခဲ့ရသော
ဦးခင်ညွန့်သည် ယနေ့အချိန်ထိ
နိုင်ငံရေး၏ အဓိပ္ပါယ်အမှန်ကို နားလည်သိရှိခြင်း မရှိသေးပါ။
နိုင်ငံဝန်ထမ်းဆိုကတည်းက ထိုသူသည် နိုင်ငံရေးလုပ်သူဖြစ်ပါသည်။
ကျောင်းဆရာတစ်ယောက် ကျောင်းတွင်စာသင်ကြားနေခြင်းသည်
တပည့်များ နောင်တချိန်အနာဂတ်နိုင်ငံတော်တွင်
ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ပါသည်။
ထိုကြောင့် ထိုဆရာကျောင်းတွင်စာသင်ကြားခြင်းသည် နိုင်ငံ၏ အရေးကိစ္စတစ်ခုကို
ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
စစ်သားတစ်ယောက်၏မိန်းမ မီးဖိုချောင်ထဲတွင် ထမင်းဟင်းချက်ပြုတ်နေခြင်းသည်
သူ၏ခင်ပွန်းစစ်သား နိုင်ငံ၏အရေးကိစ္စများ ဆောင်ရွက်ခဲ့ပြီးအပြန် စားသောက်ရန်အတွက်
လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် သူကိုယ်တိုင် နိုင်ငံရေးကိစ္စအတွက် တဖက်တလမ်းမှ ထောက်ပံ့မှု ပေးနေသည့်အတွက် ထိုအမျိုးသမီး မီးဖိုထဲတွင် ထမင်းဟင်းချက်နေခြင်းသည် နိုင်ငံရေးလုပ်နေခြင်းဖြစ်ပါသည်။
ဆရာတော်တပါး ရဟန်းကိစ္စအတွက် တောထွက်တရားကျင့်ကြံ့နေခြင်းသည်
ထိုဆရာတော်၏ခန္တာဝန် ဘ၀ဇာတ်သိမ်းပြီး ဆရာတော်အတွက်ကျင့်ကြံနေခြင်းဖြစ်ပါသည်။
ထိုဆရာတော်မှ သတ္တ၀ါတွေကျမ်းမာ ချမ်းသာကြပါစေ လို့ မေတ္တာတရားပွါးများနေခြင်းသည်
နိုင်ငံသူနိုင်ငံသားများ မင်းဆိုးမင်းညစ်ဘေးမှ ကင်းဝေးစေရန် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ
ကျမ်းမာချမ်းသာစေသော အရိယာသူတော်စင်တို့၏မေတ္တာတရားသည် လွန်စွာထိရောက်တန်ခိုးထက်လှသောကြောင့် ထိုဆရာတော်ကိုယ်တိုင်ပင် နိုင်ငံရေးကို သွယ်ဝိုက်လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံအတွင်း နေထိုင်သူမှန်လျှင် မည်သူမျှ နိုင်ငံရေးနှင့် ကင်းပြီးမနေနိုင်ပါ။
လူတစ်ယောက်တွင် မိသားစုအရေးဆိုတာ ရှိပါမည်။
မိမိ မိသားစုအရေးကို အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ပေးသူသည် မိသားစုအရေးကို
လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။
ထိုထက် အသိအမြင်၊ လူမှုရေးစိတ်ဓါတ်၊ အများအကျိုးဆောင်ရွက်လိုသူ
စိတ်ကောင်းနှလုံးကောင်းရှိသူ များသည် မိမိရပ်ကွက်အရေးကိစ္စ၊ မိမိမြို့ရွာအရေးကိစ္စ စသည်တို့ကို
အနစ်နာခံကာ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။
ထိုထက် ပိုမိုကြီးကျယ်မြင့်မြတ်သူများသည်
နိုင်ငံတော် နိုင်ငံသားများ၏ အရေးကိစ္စ၊ နိုင်ငံရေးဆိုသည် ကို လုပ်ဆောင်ကြပါသည်။
ထိုကြောင့် အာဏာရှင်စစ်အစိုးရ၏ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသောစကားသည်
တနိုင်ငံလုံ ကြက်ဆူစိုက်ခဲ့ကြရသလို အဓိပ္ပါယ်မဲ့နေပါသည်။
ဦးခင်ညွန့် ၏ စကားများကို လေ့လာကြည့်နိုင်ပါသည်။
မေး။     ။ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ လုပ်တဲ့ ရည်ရွယ်ချက်က လူထုနဲ့ ပြန်ပြီးတော့ ထိတွေ့ချင်တဲ့ ဆန္ဒရော ပါပါ သလား။
ဖြေ။     ။ လုံးဝမပါဘူး။ ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်။ အဲဒါဆိုရင် မေးစရာ မလိုတော့ဘူး။ ဘဘ အေးချမ်းတဲ့ ဘ၀ ထူထောင်မှာလေ။ လူထုနဲ့တွေ့ဖို့ဆိုရင် ဘဘ အပြင်ထွက်မှာပေါ့။ အပြင်ထွက်ပြီး တွေ့တော့မှာပေါ့။ ဘဘရဲ့ ခြံဝန်းထဲမှာလေ၊ ဘဘရဲ့ အေးချမ်းတဲ့ ဘ၀ကို တည်ဆောက်တာ။ ဘဘ နိုင်ငံရေးလုပ်ဖို့ လုံးဝ ကြံရွယ်ချက် မရှိဘူး။ အရင်တုန်းကလည်း နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်က တာဝန်ပေးလို့ ဘဘနိုင်ငံရေး လုပ်ခဲ့တာ။ အခုဆိုရင် ပိုပြီးတော့တောင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားဘူး။ ဘဘ တာဝန်ထမ်းဆောင်တာ နိုင်ငံတော်မှာ ၄၅ နှစ်။ ဘဘ အသက်ကြီးလာပြီ။ ဘဘ အသက်ဘယ်လောက် ရှိပြီထင်လဲ၊ ၇၄ နှစ် ရှိပြီ။ ဒီအသက်အရွယ်မှာ နိုင်ငံရေး လုပ်ရမယ့် အသက်အရွယ် မဟုတ်ဘူးလို့ ဘဘ ခံယူတယ်။ ဒီအသက်အရွယ်မှာ ဘာသာရေး လုပ်ရမယ်။ လူမှုရေးအလုပ်တွေ လုပ်ရမယ်။
http://burma.irrawaddy.org/archives/39785
စစ်အစိုးရသက်ဆိုးရှည်သလောက်
စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးလုပ်ခဲ့ကြသော သူများကို လေ့လာကြည့်ပါ။
နိုင်ငံရေးလုပ်ခဲ့ကြသည့် ထင်ရှားသော
ဆရာတော်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများ၊ မီဒီယာသမားများ
ကျောင်းသားများ
အားလုံးသည်
မိမိအကျိုးစီးပွါး၊ မိသားစုအကျိုးစီးပွါးများကို စွန့်လွတ်အနစ်နာခံခဲ့ကြပါသည်။
နိုင်ငံရေးလုပ်သည့်အတွက် မိမိတို့၏နေရာ၊ ရာထူးစသည်တို့ကို
မမက်မောခဲ့ကြပါ။
ထိုသူများ လုပ်ဆောင်ခဲ့ကြသည်မှာ ယုံကြည်မှုကြောင့်ဖြစ်ပါသည်။
ယုံကြည်မှုဆိုသည်မှာ မှန်သည်ဟုယူဆသည့် ယုံကြည်မှုတစ်ခုအတွက်လုပ်ဆောင်ခြင်း
မှားသည့်အရာများ၊ မှားသည့်လုပ်ရပ်များကို လက်မခံ ငြင်းပါယ်ခြင်း စသည်တို့ကို
ရဲဝံ့စွာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။
ထိုသူများကျေးဇူးကြောင့် ဗမာပြည် အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်နေခြင်းဖြစ်ပါသည်။
ထိုကိစ္စ ထိုအကြောင်းအရာများကို
ဦးခင်ညွန့် နားလည်ခြင်း မရှိပါ။
အမှန်တရားကို မြတ်နိုးလုပ်ဆောင်ခဲ့ကြသော ဒီမိုကရေစီ သူရဲကောင်းများကို
သူကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဒုက္ခအမျိုးမျိုးပေး၊ နှိပ်စက်ခဲ့ပါသည်။
မှတ်တမ်းများ၊ သက်သေအထောက်အထားများ များစွာရှိပါသည်။
ယခု ဘာသာရေးဘဲလုပ်တော့မည် ဆိုလျှင် ၄င်းကိစ္စများကို
ဝန်ချတောင်းပန်မှုရှိမှသာလျှင်
ဘာသာရေးတွင် ခရီးလမ်းဖြောင့်ဖြူးနိုင်ပါလိမ့်မည်။
အမှန်တရားမြတ်နိုးစွာ ဒီမိုကရေစီခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့ကြသော
သူရဲကောင်းများအားလုံး ဦးညွတ်ပါသည်။
ကျမ်းမာ၊ ချမ်းသာစွာ နိုင်ငံရေးကိစ္စများ အောင်မြင်စွာ
ဆောင်ရွက်နိုင်ကြပါစေ .......
R Gan Nu
May20, 2013
Posted by Unknown at 12:52 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Saturday, May 18, 2013
မဆဲမိအောင်
Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားမတိုက်ဆိုင်လို့
အပြန်အလှန် အငြင်းအခုန်၊ နဲ့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြ၊ ရေးသားကြရတာ
ပျော်စရာတော့ အကောင်းသားပါ။
ကိုယ့်ရဲ့ တိုက်ခိုက်မှုအပေါ် ဘယ်လိုများ တုန့်ပြန်လာမလဲ
ကိုယ်တင်လိုက်တဲ့ ပို့စ် အတွက် ဘယ်လိုများ တိုက်ခိုက်ကြမလဲ ဆိုတာ
စိတ်ဝင်တစားရှိနေကြတာ များပါတယ်။
တခုတော့ ရှိတယ်။ သဘောထားကြီးဘို့တော့ လိုပါတယ်။
ခွင့်လွတ် နားလည်တတ်ဖို့လဲ အရေးကြီးပါတယ်။
စိတ်မဆိုး၊ ဒေါသမဖြစ်အောင်ထိမ်းပြီး
ကိုယ်သဘောထား၊ ကိုယ့်ဆန္ဒကို အေးအေးဆေးဆေးနဲ့
တုန့်ပြန်တတ်ဖို့ လိုပါတယ်။
တကယ့်ကို အရေးကြီးတာက
ညစ်ညမ်းတဲ့ အဆဲအဆို အသုံးအနှုံးမျိုးကို မသုံးမိစေဘို့ သိပ်ကိုအရေးကြီးပါတယ်။
အဲဒီလို သုံးလိုက်လို့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ
ဘယ်သူသိတာမှတ်လို့ လို့ အတွေးမျိုးထားမယ်ဆိုရင်
ကိုယ်က ကိုယ့်ကိုယ်ကို တန်ဘိုးမထားရာကျပါမယ်။
ညစ်ညမ်းတဲ့ အသုံးအနှုံးတွေဟာ
မိမိကိုယ်ကိုယ်မိမိ တန်ဘိုးမရှိအောင်လုပ်တာနဲ့ အတူတူဖြစ်သလို
ဘယ်တော့မှလည်း ကိုယ့်ဘ၀ ကိုယ့်အခြေအနေဟာ
ပြောင်ပြောင် ရောင်ရောင် ရှိလာမှာ မဟုတ်ဘူးဆိုတာ
စေတနာကောင်းနဲ့ သတိပေးလိုက်ပါရစေ။
Posted by Unknown at 11:24 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
နိုင်ငံရေး နဲ့ မောင်ဖုန်း
ဦး
ကျွန်တော် နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပါတယ်ဗျာ။
နိုင်ငံရေးနဲ့ ပါတ်သက်လို့ သူများတွေ ပြောကြ လုပ်ကြသလို ကျွန်တော် အရမ်းလုပ်ချင်တယ်။
အဲဒါ ဘယ်စာအုပ်တွေ ဖတ်ရမလဲ၊ ဘာတွေ လေ့လာရမလဲ။
မောင်ဖုန်း
ဒါနဲ့ ခဏနေပါဦး
တစ်နေ့က မင်းအမျိုးသမီး ကျမ်းမားရေးမကောင်းလို့ဆို
ဟုတ်ကဲ့ အဲဒါအခု ဆေးခန်းလိုက်မပို့လို့ ဆူညံပူညံလုပ်နေတာ
နားညဉ်းလို့ ဒီဘက်ခဏထွက်လာတာ။
ဒါနဲ့ မင်းသားအငယ်ကောင်က နေ့လည်က ငိုနေပါလားကွ ဆူညံနေတာဘဲ။
ဟုတ်တယ် ဦးရေ သားအငယ်က လွယ်အိပ်ဝယ်မပေးလို့တဲ့
အိမ်ရှေ့က ကလေးတစ်ယောက်က သူအဖေလွယ်အိပ်ဝယ်လာတာမြင်လို့ အဲဒါပူဆာနေတာ
သြော် .. သြော် ...
မောင်ဖုန်း
အခုငါအလုပ်တွေရှိသေးတယ်ကွ
ငါပြောမယ်
မင်း အခုအားနေတာဘဲ
မင်းမိန်းမကို ဆေးခန်းလိုက်ပို့ပေးလိုက်ပါကွာ။
မင်းသား အငယ်ကောင်လဲ လွယ်အိပ်ဝယ်ပေးလိုက်။
တကယ်လို့ မင်းမှာ လောလောဆယ် ပိုက်ဆံမရှိသေးဘူးဆိုယင်
ဒေါ်ကြီးငွေ စီ ငါကလို့ပြောပြီး ပိုက်ဆံချေးသွား။
နောက်မင်းအဆင်ပြေအောင် အလုပ်ကြိုးစားပြီးပြန်ဆပ်ပေါ့။
ဟုတ်ပြီလား
သွား .. သွား ..
အချိန်ရှိတုန်း
နောက်မှ မင်းနဲ့ငါ နိုင်ငံရေးကြောင်းတွေ ဆွေးနွေးကြတာပေါ့။
Posted by Unknown at 11:19 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Thursday, April 18, 2013
တလွဲတချော်
ဒေါ်အောင်ဆန်းစုကြည်လို သမ္မတလုပ်မယ်ပြောပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို
ဆောင်ရွက်မှာလား ...
စလင်းကန်လည်ဆရာတော် ဘုရားကြီးတို့၊ မဟာဗောဓိမြိုင်ဆရာတော်ကြီးတို့လို
ကမ္ဘာလောကကြီး တစ်ခုလုံးကို မေတ္တာတရားတွေနဲ့ ဖြန့်ကျက်ပြီး
ငြိမ်းချမ်းအေးမြမှုတွေကို ပေးဆပ်ဖို့ ကြိုးစားမှာလား.....
ဥရောပက သူဋ္ဌေးကြီးတွေလို ငွေတွေပုံအောလှူပြီး
အငတ်ဘေးဆိုက်တဲ့ လူသားတွေ၊ ဒုက္ခရောက်နေတဲ့ လူသားတွေကို
ကူညီဖြည့်ဆည်းပေးမှာလား ......
စတဲ့ ...စတဲ့ ...အတွေးတွေနဲ့ ....
ရေးသား ကြိုးစားဘို့ စိတ်ကူကြံစီနေယင်း ....
.....................................................
ကွမ်းထွေး ထပြီးထွေးလိုက်တာ ...
အနားအိပ်နေတဲ့
ခွေးကြီး တိုက်ပြီးလဲပါလေရော ...
မပြောမဆို ..
ဒီလောက်အဆင်အခြင်မရှိတဲ့ ခွေး
ဒီနားလာအိပ်နေရသလားဆိုပြီး လိုက်ရိုက်တာ ....
ခွေးလဲပြေးရော
လူလဲ စာကို ဘယ်ကစ ဘယ်လိုရေးရမှန်း မသိတော့ဘူးဖြစ်သွားတယ် ....
အင်း ... အာဂန်နု တို့ကတော့ လုပ်လိုက်ရင်
တလွဲ တ ချော်ချည်းပါလား။
Posted by Unknown at 9:26 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Wednesday, April 17, 2013
အလင်းတန်း
မှောင်မိုက်လှတဲ့ အခန်းတွင်း
အလင်းဝင်လာမှာ ကြောက်နေခဲ့လိုက်ကြတာ။
၈၈ ကအလင်းတန်း ၊ ဖမ်းဆုတ်ခါ ကြိုးနဲ့တုတ်၊ မလှုတ်မယှက်ချည်နှောင်ထား
ဓါးသွားလိုထက်တဲ့ လက်နက်၊ ဗလာသက်သက် ခွတ်ဒေါင်းတွေ
ညီညာစေနော် အလံမလှဲ၊ အောင်ပွဲဆီ ရုန်းထခဲ့
အမှောင်ထဲက ညီးတွားသံ၊ ထရံကိုမကျော်စေရ
ဝုန်းကနဲဆို အပေါက်ဖော်၊ ၀င်လာပါသော် အလင်းတန်း
အတင်းလှမ်းပိတ်ကြပေမဲ့
မြင်လိုက်ကြရဲ့ သရဲဘီလူးလို သတ္တ၀ါတွေ
သေနေလိုက်ကြတာ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ
မတရားတဲ့ လုပ်ရပ်၊ ဇာတ်လမ်းပမာဖန်တီးစရာမလို
အပိုမပြောတတ်တဲ့ သူရဲကောင်း
ရဲရဲနီ ကြယ်ခွတ်ဒေါင်းနဲ့
အောင်ကြောင်းဖြင့်ရှေ့ကိုချီ
အာဇာနည်မို့ တုတ်ချည် ခံခဲ့ရ
များလှတဲ့ နှစ်တွေ ....
သေကြပြီပေါ့ သူရဲကောင်းများ
ငြီးတွားပြည်သူ အမှောင်ထဲမှာ လှုတ်မလာနဲ့
ဒုတ်စာမိမယ်၊ ထမလာနဲ့ သေနတ်စာမိမယ်
အမှောင်ခန်းကျင်း
အလင်းတစ်စ၊ ၀င်ခွင့်ရက
အလင်းကိုပိတ်၊ ထရံချိတ်ချ၊ အမှောင်ကမှ
သူတို့အတွက်
ထင်ရာကိုစိုင်း၊ ရိုင်းချင်လိုရိုင်းခဲ့ကြ၊ နစ်နာလှ ဒို့သူရဲကောင်းတွေ
ဘ၀တွေ ပေးဆပ်၊ ထရံထပ်ကို ဖြိုကာ ဖြဲခွါ အလင်းလာအောင်
ကြံဆောင်ကြရင်း လည်စင်းခံသွားခဲ့ကြတဲ့ ဒို့သူရဲကောင်းတွေ
အခုနေမှာ မြင်လာကြစမ်း၊ သိစေချင်စမ်းပါဘိ
အလင်းတချို့ ၀င်လာခဲ့ပြီမို့
အမှောင်ခန်းဟာ လင်းသွားခဲ့ပြီ ထရံစုတ်ပြဲ ပေါက်ကွဲသွားပြီ
လုံးလုံးရားရား လင်းမလာသေးငြားလည်း
တစ်ချို့ တစ်ဝက် လင်းလက်ခဲ့ပြီမို့
ဘယ်သူ ဘီလူး၊ ဘယ်သူအရူးဆိုတာ
မြင်ခွင့်ရခဲ့ကြပြီလေ
ရှေ့လမ်းတွေမှာ ပန်းမာလာတို့ ခင်းမထားသော်လည်း
ရဲရဲရှေ့ကို ချီကြစိုနော်
တောက်ပတဲ့ ကြယ်တစ်ပွင့်
မိုးမြင့်ယံမှာ တင့်ခဲ့ကြပြီမို့
ဒီခရီး ဒီနည်းနဲ့ ဘဲ ရှေ့ကိုချီကြပါစို့
ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအပေါင်းတို့ .......
Posted by Unknown at 7:27 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Thursday, February 14, 2013
Hacker တွေ
  • လူရယ်လိုဖြစ်လာပြီဆိုရင် လူတစ်ယောက်လိုတန်ဘိုးရှိမှ ဘ၀ဟာအဓိပ္ပါယ်ရှိမယ်။
    အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လူနဲ့သွင်သဏ္ဍာန်တူတဲ့ တရိစ္ဆာန်တကောင်ဘဲဖြစ်လိမ့်မယ်။
    လူနဲ့ တူဘို့ဆိုတာကတော့
    ရှု့ထောင့်အမျိုးမျိုးကနေ ပိုင်းဖြတ်ကြတာပါ။
    ဗုဒ္ဓဘာသာ အလိုအားဖြင့်တော့ သီလရှိရမယ်၊ သမာဓိရှိရမယ်၊ ပညာရှိရမယ်။
    ထားပါတော့
    အဲဒါတွေကိုတစ်ပိုင်းအနေနဲ့ပေါ့။
    အဓိကပြောချင်တာက
    လူတစ်ယောက်ဟာ ပညာတွေတတ်မြောက်နေရုံနဲ့ လူတစ်ယောက်ရဲ့တန်ဘိုးတွေ
    ရှိနေပြည့်စုံနေတယ် လို့ပြောမရတဲ့အချက်ပဲ။
    အဲဒီလူမှာ အသိတရားမရှိဘူးဆိုရင်၊ နောက်
    စိတ်ဓါတ်က အောက်တန်းကျနေမယ်ဆိုရင်
    သူကိုယ်သူနဲ့ ကမ္ဘာလောကကို ကောင်းကောင်းဒုက္ခပေးတဲ့သူ ဖြစ်တော့တာပဲ။
    ပညာရယ်၊ အသိရယ်၊ စိတ်ဓါတ် ရယ်
    မြင့်မြတ်ပြည့်စုံဘို့ လိုအပ်တာပါ။
    hacker ဆိုတဲ့ အကောင်တွေနဲ့ ပါတ်သက်လို့ ပြောချင်ပါတယ်။
    hacker အားလုံးကိုတော့ မဆိုလိုပါဘူ။
    တစ်ချို့သော ထောင်ထောင်လုပ်နေကြပြီး၊ ငါတကောကောနေတဲ့
    hacker တွေ
    သူတို့မှာ နည်းပညာပိုင်းနဲ့ပါတ်သက်တဲ့
    ပညာတွေရှိနေကြတယ်။
    အကောင်းအဆိုး ခွခြားနိုင်တဲ့ အသိတရားကမရှိ။
    သမိုင်းကိုလည်းမသိ၊
    စိတ်ဓါတ်က လည်း အောက်တန်းကျတော့
    အဓိပ္ပါယ်ရှိတဲ့ အရာတွေကို ဖျက်စီးနေကြသလိုဖြစ်နေတယ်။
    သူတို့တစ်တွေက
    သတင်းနဲ့ပါတ်သက်တဲ့ မီဒီယာတွေဖြစ်တဲ့
    11 meciagroup တို့ the voice weekly တို့ 7day တို့
    စတဲ ဂျာနယ်တွေနဲ့ ပါတ်သက်ပြီး
    တိုက်ခိုက်မှုတွေ ပြုလုပ်နေကြတယ်။
    သူတို့က hack လိုက်တယ်။ အနိုင်ယူလိုက်တယ်ပေါ့။
    တကယ်တော့
    ဒီမီဒီယာ သတင်းဋ္ဌာနတွေဟာ
    ဗမာပြည် ဒီမိုကရေစီတိုက်ပွဲမှာ ထိပ်တန်းက နေရာယူတိုက်ပွဲဝင်နေတဲ့
    သတင်းဋ္ဌာနတွေဘဲ။
    သတင်းဦး၊ သတင်းထူးတွေကို သူတို့စီကတစ်ဆင့် ဖတ်ရ၊ သိရတယ်။
    ဝေဖန်စရာရှိရင် ဝေဖန်တယ်။
    သူတို့ကို တိုက်ခိုက်လိုက်လို့
    အဟတ်ခံရလိုက်ရတော့
    myanmar express ကလက်ခုတ်တီးတယ်။
    ဒီ hacker တွေက ဂုဏ်တွေယူပြီး
    I AM ဘာညာဆိုပြီး လုပ်နေကြတယ်။
    ပုတ်စော်တစ်ထောင်းထောင်းနဲ့ အိမ်သာတွင်းပျက်ကြီးလို
    wedside လုပ်ထားတဲ့ myanmar express က တစ်ခါဝင်ကြည့်ဘူးတဲ့သူ
    နောက်တစ်ခါဘယ်သူမှ မ၀င်ဘူး။
    ပိုးလောက်ကောင်တွေလို၊ ယင်ကြီးတွေလိုအကောင်တွေဘဲဖြစ်တယ်။
    ဒီ myanmar express က ရှူးတိုက်လိုက်ပြီး
    လိုက်လိုက်ဟတ်နေတဲ့
    မင်းတို့ hacker တွေ ဘယ်သူတွေဆိုတာသိတယ်
    မင်းတို့ကနေရာတိုင်းမှာ ရှိတယ်လို့ ပြောတယ်။
    အေး နေရာတိုင်းမှာ ရှိတာ သင်္ချိုင်းကုန်းဘဲရှိတာ။ အဲဒီမှာ မင်းတို့ နေကြတယ်ဆိုတာ
    ပြောစရာမလိုဘူး။
    11 media group ကို hack တဲ့ hacker တွေ
    မင်းတို့ နှာခေါင်းပေါက်ကို မင်းတို့စမ်းကြည့်လိုက်ပါ။
    နဖါးကြိုးတန်းလန်းနဲ့မို့ အဲဒီကြိုးကိုဆွဲချလိုက်ရင်
    မင်းတို့တန်းခနဲ ပါလာကြမှာဘဲ။
    မင်းတို ဘယ်သူတွေ၊ မင်းတို့ဘာကောင်တွေဆိုတာ
    သိနေတယ်ဆိုတာ မင်းတို့နားလည်ပါ။
    မင်းတို့သိထားဘို့က
    1 ကို hack ရင် 2 လာမယ်
    2 ကို hack ရင် 3 လာမယ်
    3 ကို hack ရင် 4 လာမယ် ဆိုတာဘဲ။
    သမိုင်းအမှန်နဲ့ ဖြစ်ရပ်အမှန်ကို သွားနေတဲ့
    သူတွေမှန်သမျှဟာ ဘယ်တော့မှ လမ်းကြောင်းပြောင်းမသွားဘူး
    ဘယ်အရာကမှ တားစီထိမ်းချုပ်မထားနိုင်ဘူးဆိုတာဘဲ။
    မင်းတို့က မင်းတို့ရဲ့ ပထွေးနိုင်ငံတွေစီက
    နည်းပညာတွေကို သင်ယူတတ်မြောက်ထားကြမယ်။
    ပညာတွေ တတ်ထားမယ်။
    အသိစိတ်က ဗလာနဒ္ဓိ
    စိတ်ဓါတ်က နဖါးကြိုးတန်းလန်းနဲ့
    မင်းတို့ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်
    မင်းတို့ဘ၀က သနားစရာသတ္တ၀ါလေးတွေလိုဘဲဖြစ်နေကြမယ်ဆိုဒါကို ပြောချင်တယ်
    ဒါကြောင့်
    အာဂန်နု ပြောပြလိုက်မယ်
    ကိုယ့်ကိုယ်ကို မင်းတို့ ရှာဖွေတွေ့ရှိနိုင်အောင် အရင်ကြိုစားကြစမ်းပါလို့ .......
    လိုက်ပါတယ်.....
Posted by Unknown at 3:45 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Monday, February 4, 2013
စစ်အစိုးရ
စစ် - အစိုးရ
စစ်နဲ့ အစိုးရ
တကယ်တော့ ဘာမှသက်ဆိုင်ခြင်းမရှိပါဘူး။
သက်ဆိုင်ခြင်းမရှိတဲ့ စကားလုံးနှစ်ခုကို
ယုတ်ယုတ်မာမာနဲ့
ပေါင်းစပ်ခဲ့ကြလို့
ဒို့နိုင်ငံ မွဲပြီး
ကမ္ဘာ့အလယ်မှာ လူလုံးမလှဖြစ်ခဲ့ရတာ
နှစ်ပေါင်းများစွာဘဲ။
Posted by Unknown at 3:17 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
အာဏာရူးသူတောင်းစားလိုအကြံနဲ့ နေ၀င်း
အူကြောင်ကြောင်စောမောင်
မိန်းမထမီအောက်က
အာဏာရူး ဗလေဗဇာ ပြည်ဖျက်သန်းရွှေ
သူတို့တစ်တွေရဲ့
ပညာမပါ၊ ထင်ရာလုပ်တဲ့ စနစ်အောက်မှာ
အနေကြာခဲ့ရတော့
စိတ်တွေကလဲ ထိမ်းမရ၊ သိမ်းမရ
မနူးမညံ့ ဖြစ်ခဲ့ရတော့
ရိုက်ချင်၊ နှက်ချင် တဲ့ စိတ်တွေဘဲ
များနေတော့တာ
ချချင်၊ ဆော်ချင်တဲ့ စိတ်တွေနဲ့ဘဲ
စစ်ခွေးကောင်တွေကို
မုန်းတီးမိနေတာ
တစ်ခါတစ်ခါ မယ်စု လုပ်ရပ်တွေကိုတောင်မှ
အားမလို အားမရနဲ့ ဝေဖန်မိနေခဲ့သေးတယ်
အော် မယ်စု မယ်စု ကြီးမြတ်တဲ့ စိတ်အတော်ကို
ရှိပါပေတယ်။
ထောင်စုနှစ်နဲ့ချီပြီး ရှားပါးပါပေတယ်။
မယ်စု ကို
ဝေဖန် လေကန်တဲ့
သူတောင်းစားလိုကောင်တွေ
မဝေဖန် လေမကန်ခင်
စိတ်ကောင်းရှိအောင် အရင်ကြိုးစားကြစမ်းကွာ
နားလည်အောင် သိအောင် အရင်ကြိုးစားကြစမ်းကွာ
ကိုယ်ဘာကောင်လဲဆိုတာ ကိုယ့်ကိုယ်ကို သိအောင်
အရင်ကြိုးစားကြစမ်းကွာ
အင်း ......
အာဂန်နု စိတ်တွေလျှော့ဘို့
အတော်ကြိုးစားနေရတယ်နော် .....
Posted by Unknown at 3:15 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဦး တစ်ခုလောက်မေးချင်လို့
- အေး မေး
ဦးက ကြံ့ခိုင်ဖွင့်ဖြိုးရေးကလား
- မဟုတ်ဘူး
ဒါဖြင့် NLD လား
- မေးမှာ မေးစမ်းပါ ဘာဖြစ်ဖြစ်မင့်အပူမပါဘူး။
NLD တွေ အကွဲအပြဲဖြစ်နေကြတာ ကြားလား
- အေး ကြားတယ်
အခု ညီလာခံတွေ လုပ်တော့ ပါရမဲ့ လူတွေမပါ
မပါသင့်တဲ့ လူတွေပါ အဲဒီလို ဖြစ်နေသတဲ့
- အေး ပါသင့်လို့ပါ၊ မပါသင့်လို့ မပါတာပေါ့ကွ
မဟုတ်ဘူး ဦး ရ
အရင်က အနစ်နာခံလုပ်ခဲ့ကြတဲ့သူတွေကို ဘေးဖယ်ထားပြီး
အခုမှ ပေါ်ပင် လုပ်ကြတဲ့သူတွေကနေရာယူကြသတဲ့ ဦးရ ..
- အေး အနစ်နာခံလုပ်ကြတဲ့သူတွေက ဆက်ပြီးအနစ်နာခံလိုက်ဖို့ဘဲရှိတယ်ကွ
အရင်က NLD တွေက အစိုးရကို အတိုက်အခံလုပ်ခဲ့ကြတာ
ကန့်လန့် လုပ်ခဲ့ကြတယ်ပေါ့ကွာ၊
အခုအဲဒီခေတ်မျိုးမဟုတ်တော့ဘူးကွ
အရင်အကျင့်အတိုင်း အထက်အဖွဲ့ကလုပ်နေတာတွေကို
ကန့်လန့်လုပ်နေလို့ မရဘူး
အဆင်ပြေပြေ နဲ့ လိုက်လျှောညီထွေဖြစ်အောင် လုပ်ကြရမှာ ..
ဗဟိုက ဘယ်လိုမူရှိသလဲ၊ အစိုးရက ဘယ်လမ်းသွားနေသလဲ
စဉ်းစားဥာဏ်ရှိရှိ၊ သတိရှိရှိ လုံ့လရှိရှိနဲ့ လုပ်ကြရမှာ
ကိုယ်လုပ်ရမဲ့ လုပ်ငန်းစဉ်၊ အစီအစဉ်တွေကို အောင်မြင်အောင်လုပ်ကြရမှာ ..
အဲဒီလိုမဟုတ်ဘဲ အရင်ကအကျင့်တွေအတိုင်း ကန့်လန့်လိုက်လုပ်ပြီး
ငါက ဘာ၊သူ ကဘယ်လို၊ ငါက ဘယ်တုန်းကလုပ်ခဲ့တာ၊ ဘယ်သူတွေက
ဘယ်လို
အဲဒီလိုလူတွေ ပါမလာဘဲ၊ ကျန်ခဲ့တာဘဲကွာ .. ရှင်းနေတာ
ဦး ပြောတော့ အလွယ်လေး ...
- အေး အလွယ်လေးဘဲကွ
ဒီမယ် ဘာမှ အတွေးခေါင်မနေနဲ့
အောက်ခြေကနေ မဲစနစ်တွေနဲ့သွားတာ
ရွေးချယ်ပေးလိုက်တဲ့ သူတွေဘဲ
NLD ရှေ့လုပ်ငန်းစဉ်တွေ ကို လုပ်သွားကြရမှာ
အရင်လုပ်လုပ်၊ နောက်မှလုပ်လုပ်၊ ပေါ်ပင်ပင် မပေါ်ပင်ပင်
ရွေးလိုက်တဲ့သူတွေဘဲ ရှင်းလား
အေးဒီမိုကရေစီကို တကယ်မြတ်နိုးတယ်ဆိုရင်
သူသဘော၊ ကိုယ်သဘော နားလည်တန်ဘိုးထားတတ်ရမယ်။
ဒီမိုကရေစီဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို
အဖွဲ့ထဲမှာ ကိုယ်ပါပါ မပါပါ
ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက
ကြိုးစားလုပ်ဆောင်ဘို့ဘဲ ...
ဒီလိုမှ မဟုတ်ရင်
ဘေးကို ရောက်ရင်း ရောက်ရင်းနဲ့
ဟို ဘေးအစွန်းက ချောက်ထဲရောက်သွားပြီး
ဘာမှသုံးမရတဲ့ သူ ဖြစ်သွားလိမ့်မယ် ....
ဟာ ... ဒါဆို ဦးက NLD ပါဗျာ
ဂွကျလှချည်လား
ဘာဖြစ်ဖြစ်ပေါ့ကွ NLD မှလားကွ
ဒီမိုကရေစီကို မြတ်နိုးတဲ့
ဒီမိုကရေစီ နိုင်ငံ ပီပီပြင်ပြင် ဖြစ်လိုတဲ့
သူတိုင်းသူတိုင်း
ဒီမိုကရေစီ အသွင် ပုံဖော်မှုတွေမှာ
အရည်အချင်းမြင့်မြင့်
စွမ်းဆောင်နိုင်ရည်မြင့်မြင့်နဲ့
လုပ်ဆောင်ကြဘို့
တော်ပြီကွာ .. ဟေ့ကောင်လေး .. သွား ..သွား ...
မင်းပြောရတာ မောလိုက်တာ ....
Posted by Unknown at 3:09 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဒီမိုကရေစီခရီး မနီးသေးပါ။
ချစ်သော ပညာပြည့်ဝ နှလုံးလှသော ချစ်မိတ်ဆွေများအားလုံး
ဗမာပြည် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်တိုက်ပွဲဝင်ခဲ့ကြရာမှာ
ဖေ့စ်ဘုတ်တွေ၊ သတင်းမီဒီယာတွေ မှာ
အားကြိုးမာန်တက် ရေးသားခဲ့ကြ၊ ကြိုးစားခဲ့ကြတယ်။
လက်တွေတိုက်ပွဲတွေမှာလည်း ဆင်နွဲခဲ့ကြတယ်။
ကြမ်းတမ်းခက်ထန်တဲ့ လမ်းတွေကို ချစ်သောမိတ်ဆွေများ
ဖြတ်သန်းလျှောက်လှမ်းခဲ့ကြရတယ်။
ညှဉ်ပမ်းနှိပ်စက်မှု၊ အနိုင်ယူစော်ကားမှု၊ ခါးသီးတဲ့နာကျည်းမှုတွေနဲ့
ရင်ဆိုင်လျှောက်လှမ်းခဲ့ကြရာမှာ
အသက်ပေးဆပ်သွားခဲ့ကြသူတွေ
ဘ၀ဆုံးပြီး လူလုံးမလှ ဖြစ်သွားခဲ့ကြသူတွေ အများကြီးပါ။
အဲဒီလူတွေ(သူရဲကောင်းတွေ)၊ အားလုံးကို အစဉ်လေးစားလျှက်နဲ့
အခု ဒီမိုကရေစီခရီးလမ်းကို ရှေ့ဆက်နေကြတယ်။
အသိအမြင်၊ ဗဟုသုတရှိသူတွေ
စဉ်းစားဥာဏ်နဲ့ အမြော်အမြင်ရှိသူတွေ
သတ္တိရှိသူတွေဟာ၊ ယုံကြည်ချက် ခံယူချက်အပြည့်နဲ့
ဒီလမ်းကို ကြေကြေနပ်နပ် ရွေးချယ်လျှောက်လှမ်းခဲ့ကြတယ်။
တဘက်မှာ
ကိုယ်ကြိုးရှာ၊ တကိုယ်ကောင်းသမားတွေဟာ
အုပ်ချုပ်သူတွေ အစိုးရတွေနဲ့ပေါင်းပြီး
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ထားမျိုးတွေနဲ့
ကိုယ်ကြိုးရှာခဲ့ကြတယ်။
အခု သူတို့တစ်တွေဟာ
အင်နဲ့အားနဲ့ရှိနေကြတုန်းဘဲ။
တကယ်အုပ်ချုပ်မှုနယ်ပယ်တွေထဲမှာ
၂၀၁၀ က ကလိမ်ကကျစ်လုပ်ပြီး အာဏာရူးတွေ အာဏာယူခဲ့ကြတဲ့
ပွဲရလဒ်က အခုထိအသိအမှတ်ပြုနေရတုန်းဘဲ။
၂၀၀၈ အခြေခံဥပဒေဆိုတာ သူတို့အကျိုးစီးပွါးတွေကို
အကာအကွယ်ပေးဘို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ အရောင်ဆိုးထားတဲ့
သန်းရွှေ စစ်အစိုးရ အာဏာရူး ဥပဒေဘဲ။
ဒါဟာလဲ အခုထိ သူတို့အုပ်စုတွေ အသက်ပေးပြီး ကာကွယ်ဘို့
လုပ်နေကြတုန်းပါ။
သူတို့တစ်တွေမှာ လက်ရှိအချိန် အဏာရှိနေတယ်။
နောက်ပြီး ငွေကြေးဥစ္စာ ဓနက ပြောစရာမလိုအောင်ကို ရှိတယ်။
သူတို့ဟာ ပညာတတ်(နည်းပညာ)ပြီး စိတ်ဓါတ်အောက်တန်းကျတဲ့သူတွေ၊
ခေတ်ပညာကို နားလည်တတ်ကျွမ်းပြီး ငွေမက်တဲ့ တစ်ဘ၀တစ်နပ်စာသမားတွေကို အသုံးချပြီး အွန်လိုင်းမှာ၊ မီဒီယာလောကမှာ
စစ်မျက်နှာတွေဖွင့်ထားကြတယ်။
တို့တစ်တွေရဲ့သူရဲကောင်းတွေ
အတိုက်အခိုက်ခံနေခဲ့ကြရတယ်။
အားလုံးသတိရှိရှိ၊ အသိရှိရှိနဲ့
မဆုပ်မနစ်တဲ့ ဇွဲလုံ့လရှိစေချင်တယ်။
တို့တစ်တွေမှာ
စိတ်ဓါတ်ခွန်အားတွေရှိတယ်။
စဉ်းစားမျှော်မြင်နိုင်စွမ်းရှိတဲ့၊ စွမ်းအားရှိတဲ့ ခေါင်းဆောင်ရှိတယ်။
တို့မှာ အသိတရားတွေရှိတယ်။
ယုံကြည်မှုတွေရှိတယ်၊ ခံယူချက်တွေရှိတယ်။
တို့ရဲအင်အားတွေနဲ့
တို့ရဲ့လက်တွေကို ခိုင်ခိုင်တွဲပြီး ဒီမိုကရေစီ ပန်းတိုင်သစ်စီကို
အေ၇ာက်လှမ်းကြမယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ရောင်နီတွေလင်းလက်လာရမယ်။
ပန်းတွေပွင့်ဖူးလာရမယ်။
တို့တစ်တွေ လမ်းဘေးက ဇရပ်ပေါ်မှာ
ရောက်ချင်ရောက်နေပါစေ ....
ကြေနပ်ကြည်နူးခြင်းတွေနဲ့ ..ပိတိတွေရင်မှာ အပြည့်နဲ့
ငါရော၊ မင်းရော၊ သူရော အားလုံးအားလုံး
နေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း .............
.......................................................
Posted by Unknown at 3:06 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
နေ့သစ် ... နေ့သစ် ...နေ့သစ် ...
သူတို့မျှော်မှန်းတဲ့ နေ့သစ် ရောက်ကိုရောက်ရမယ် ...
နေ့သစ် ... ကို ဖန်တီးထားတဲ့ နေ့သစ်ရဲ့ .....
ကျနော်တို့အကြောင်း
ကျနော်တို့ ယုံကြည်ချက်တူသူတွေ စုစည်းခဲ့ကြတယ်။ ကျနော်တို့အားလုံးဟာ အိမ်လွမ်းစိတ္တဇ ရှိကြသူတွေချည်း ဖြစ်ပါ တယ်။ ပြီးတော့အိပ်မက်တွေလည်း တူနေပြန်ရော။
ယုံကြည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမိနိုင်ငံမှာ မုချကျဆုံးရမယ်။ အိပ်မက်ကတော့ ဒီမိုကရေစီ နိုင်ငံတော်သစ် ကို ထူထောင်မယ်။ ဒီတော့ ကျန်တာက အိမ်လွမ်းစိတ္တဇ …. ရေခြားမြေခြားမှာ အလွမ်းဆုံးက ရိုးရာယဉ်ကျေးမှုပါပဲ။ မိခင်ဘာသာစကား၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု … စတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ရနံ့တွေကို တမ်းတလာတယ်။ တန်ဖိုး ထားလာတယ်။ ပြီးတော့ သမိုင်း … ။ ခေတ်အဆက်ဆက် ကျနော်တို့ ထိတွေ့ခဲ့ရတဲ့ သမိုင်းက မပြည့်၊ မစုံ၊ လိမ်စဉ်၊ အ တုကြီး။
ဒါကြောင့် ဒီ ၀က်ဘ်ဆိုက် ကလေးကိုကြိုးစားပုံဖေါ်ကြည့်တာပါ။ မြန်မာ့ စာပေ၊ ဂီတ၊ အနုပညာ ရနံ့တွေလည်းပါမယ်။ သမိုင်းစစ် သမိုင်းအမှန်တွေကိုလည်း လက်လှမ်းမှီသမျှ စုဆောင်းပြီး အမိနိုင်ငံတော် စစ်အာဏာရှင်စနစ်က လွတ် မြောက်ရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး။ မိမိတို့ရဲ့ ကိုယ်ပိုင်အမျိုးသားလက္ခဏာတွေကို စောင့်ထိန်း ပြန့်ပွားရေးမှာ ကျနော်တို့ ၀က်ဘ်ဆိုက်ကလေးက အုတ်တချပ် သဲတပွင့်ပမာ ဖြစ်ခဲ့တယ်ဆိုရင်ဖြင့် ……။
Posted by Unknown at 3:04 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့ အခါ ငွေကြယ်ပွင့်တွေ လင်းလက်တောက်ပနေတာကို
အများကြီးတွေ့ရတယ်။ တချို့တောက်ပခဲ့ကြတဲ့ ငွေကြယ်ပွင့်တွေ
ကြွေလွင့်သွားခဲ့ကြတယ်။
တချို့ကတော့ တောက်ပဆဲ။
ငွေလ၀န်းကြီးလဲ ရှိပါတယ်။
အဲဒီမိုးကောင်းကင်ကြီးဟာ
ဟိုအနှစ်နှစ် အလလကမျှော်လင့် နေခဲ့ကြတဲ့
ဒီမိုကရေစီကောင်းကင်ကြီးပါ။
လမိုက်ညတွေ
လေပြင်း မုန်တိုင်းတွေ ကင်းစင်လွင့်ပျောက်ပါစေလို့ ......
ငွေကြယ်ပွင့်တွေလဲ မကြွေလွင့် စေလိုတော့ပါ။
ငွေလမင်းလဲ
တိမ်ကင်းစင်ပြီး
ပိုမိုတောက်ပ ၀ိုင်းဝိုင်းစက်စက်နဲ့
ပိုလို့ လှပလာစေချင်တယ်။
Posted by Unknown at 3:02 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
အာဏာရှင်စစ်အစိုးရ
စစ်အာဏာရှင်
စစ်ဘီလူး
စစ် အာဏာရူး
တကယ်တော့ စစ်တပ်၊ အသေအချာ မှတ် စစ်တပ်
စစ်တပ်ဆိုတာ နာမ်ပုဒ်တစ်ခု
လူတွေနဲ့ ဖွဲ့စည်းထားတာ
စစ်တပ်ကလူတွေ ဖွဲ့စည်းထားတဲ အောက်ခြေကစစ်သားတွေ
သူတောင်းစားသာသာ နဲ့ မွဲငတ်နေကြတာ
အဲဒီစစ်တပ်ကို
သူတို့လိုသလို အသုံးချပြီး
သူတို့ဘာသာ သူတို့ မှူးကြီးတွေ၊ ချုပ်ကြီးတွေ ပေး
ငါတကောကောပြီး ထင်ရာစိုင်းခဲ့ကြတဲ့
လက်တစ်ဆုပ်စာ လူတစုက
နွားအုပ် တစ်ခုလို အသုံးချခံခဲ့ကြရလို့
ဒို့ဗမာ စစ်တပ်ဟာ
အာဏာရှင်စစ်အစိုးရ
အာဏာရူး
စစ်ဘီလူး ဆိုပြီ
ပြည်သူတွေရဲ့ ချင်ဖတ်၊ အော့ကြောလန်ဖြစ်နေတာ ...
ဒီစစ်တပ် ကို ဒီမိုကရေစီချစ်တဲ့ ပြည်သူတွေ လက်ထဲရောက်အောင်
လုပ်ကြရမယ်။
ပြည်သူတွေကတင်မြှောက်ထားတဲ့
အမှန်အကန်အစိုးရရဲ့ ( ၂၀၁၀ ကအစိုးရမဟုတ်)
ခြေတွေ လက်တွေလိုဖြစ်အောင် လုပ်ကြဘို့လိုတယ်။
ဒါမှ ဒါမှ ...........
Posted by Unknown at 3:01 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Home
Subscribe to: Posts (Atom)
Blog Archive
  • ▼  2013 (20)
    • ▼  June (7)
      • သူရဲကောင်း
      • နောက်ဘ၀ကျမှ
      • လွတ်တော်အမတ်ရုံး
      • စစ်သူတောင်းစားတက္ကသိုလ်
      • ဖွတ်ပဒတ်ပါတီ
      • ဖုံးထားလို့ရမလား
      • သဘောအကျဆုံး
    • ►  May (3)
      • နိုင်ငံရေး နှင့် အမှန်တရား
      • မဆဲမိအောင်
      • နိုင်ငံရေး နဲ့ မောင်ဖုန်း
    • ►  April (2)
      • တလွဲတချော်
      • အလင်းတန်း
    • ►  February (8)
      • Hacker တွေ လူရယ်လိုဖြစ်လာပြီဆိုရင် လူ...
      • စစ်အစိုးရ စစ် - အစိုးရ စစ်နဲ့ အစိုးရ တကယ်တော့ ဘာမှ...
      • အာဏာရူးသူတောင်းစားလိုအကြံနဲ့ နေ၀င်း အူကြောင်ကြောင်...
      • ဦး တစ်ခုလောက်မေးချင်လို့ - အေး မေး ဦးက ကြံ့ခိုင်...
      • ဒီမိုကရေစီခရီး မနီးသေးပါ။ ချစ်သော ပညာပြည့်ဝ နှလုံး...
      • နေ့သစ် ... နေ့သစ် ...နေ့သစ် ... သူတို့မျှော်မှန်းတ...
      • မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့ အခါ ငွေကြယ်ပွင်...
      • အာဏာရှင်စစ်အစိုးရ စစ်အာဏာရှင် စစ်ဘီလူး စစ် အာဏာရူး...
R Gan Nu
Unknown
View my complete profile
Awesome Inc. theme. Powered by Blogger.