အလင်းတန်း
မှောင်မိုက်လှတဲ့ အခန်းတွင်း
အလင်းဝင်လာမှာ ကြောက်နေခဲ့လိုက်ကြတာ။
၈၈ ကအလင်းတန်း ၊ ဖမ်းဆုတ်ခါ ကြိုးနဲ့တုတ်၊ မလှုတ်မယှက်ချည်နှောင်ထား
ဓါးသွားလိုထက်တဲ့ လက်နက်၊ ဗလာသက်သက် ခွတ်ဒေါင်းတွေ
ညီညာစေနော် အလံမလှဲ၊ အောင်ပွဲဆီ ရုန်းထခဲ့
အမှောင်ထဲက ညီးတွားသံ၊ ထရံကိုမကျော်စေရ
ဝုန်းကနဲဆို အပေါက်ဖော်၊ ၀င်လာပါသော် အလင်းတန်း
အတင်းလှမ်းပိတ်ကြပေမဲ့
မြင်လိုက်ကြရဲ့ သရဲဘီလူးလို သတ္တ၀ါတွေ
သေနေလိုက်ကြတာ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ
မတရားတဲ့ လုပ်ရပ်၊ ဇာတ်လမ်းပမာဖန်တီးစရာမလို
အပိုမပြောတတ်တဲ့ သူရဲကောင်း
ရဲရဲနီ ကြယ်ခွတ်ဒေါင်းနဲ့
အောင်ကြောင်းဖြင့်ရှေ့ကိုချီ
အာဇာနည်မို့ တုတ်ချည် ခံခဲ့ရ
များလှတဲ့ နှစ်တွေ ....
သေကြပြီပေါ့ သူရဲကောင်းများ
ငြီးတွားပြည်သူ အမှောင်ထဲမှာ လှုတ်မလာနဲ့
ဒုတ်စာမိမယ်၊ ထမလာနဲ့ သေနတ်စာမိမယ်
အမှောင်ခန်းကျင်း
အလင်းတစ်စ၊ ၀င်ခွင့်ရက
အလင်းကိုပိတ်၊ ထရံချိတ်ချ၊ အမှောင်ကမှ
သူတို့အတွက်
ထင်ရာကိုစိုင်း၊ ရိုင်းချင်လိုရိုင်းခဲ့ကြ၊ နစ်နာလှ ဒို့သူရဲကောင်းတွေ
ဘ၀တွေ ပေးဆပ်၊ ထရံထပ်ကို ဖြိုကာ ဖြဲခွါ အလင်းလာအောင်
ကြံဆောင်ကြရင်း လည်စင်းခံသွားခဲ့ကြတဲ့ ဒို့သူရဲကောင်းတွေ
အခုနေမှာ မြင်လာကြစမ်း၊ သိစေချင်စမ်းပါဘိ
အလင်းတချို့ ၀င်လာခဲ့ပြီမို့
အမှောင်ခန်းဟာ လင်းသွားခဲ့ပြီ ထရံစုတ်ပြဲ ပေါက်ကွဲသွားပြီ
လုံးလုံးရားရား လင်းမလာသေးငြားလည်း
တစ်ချို့ တစ်ဝက် လင်းလက်ခဲ့ပြီမို့
ဘယ်သူ ဘီလူး၊ ဘယ်သူအရူးဆိုတာ
မြင်ခွင့်ရခဲ့ကြပြီလေ
ရှေ့လမ်းတွေမှာ ပန်းမာလာတို့ ခင်းမထားသော်လည်း
ရဲရဲရှေ့ကို ချီကြစိုနော်
တောက်ပတဲ့ ကြယ်တစ်ပွင့်
မိုးမြင့်ယံမှာ တင့်ခဲ့ကြပြီမို့
ဒီခရီး ဒီနည်းနဲ့ ဘဲ ရှေ့ကိုချီကြပါစို့
ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအပေါင်းတို့ .......
No comments:
Post a Comment