Monday, February 4, 2013

ဦး တစ်ခုလောက်မေးချင်လို့
- အေး မေး
ဦးက ကြံ့ခိုင်ဖွင့်ဖြိုးရေးကလား
- မဟုတ်ဘူး
ဒါဖြင့် NLD လား
- မေးမှာ မေးစမ်းပါ ဘာဖြစ်ဖြစ်မင့်အပူမပါဘူး။
NLD တွေ အကွဲအပြဲဖြစ်နေကြတာ ကြားလား
- အေး ကြားတယ်
အခု ညီလာခံတွေ လုပ်တော့ ပါရမဲ့ လူတွေမပါ
မပါသင့်တဲ့ လူတွေပါ အဲဒီလို ဖြစ်နေသတဲ့
- အေး ပါသင့်လို့ပါ၊ မပါသင့်လို့ မပါတာပေါ့ကွ
မဟုတ်ဘူး ဦး ရ
အရင်က အနစ်နာခံလုပ်ခဲ့ကြတဲ့သူတွေကို ဘေးဖယ်ထားပြီး
အခုမှ ပေါ်ပင် လုပ်ကြတဲ့သူတွေကနေရာယူကြသတဲ့ ဦးရ ..
- အေး အနစ်နာခံလုပ်ကြတဲ့သူတွေက ဆက်ပြီးအနစ်နာခံလိုက်ဖို့ဘဲရှိတယ်ကွ
အရင်က NLD တွေက အစိုးရကို အတိုက်အခံလုပ်ခဲ့ကြတာ
ကန့်လန့် လုပ်ခဲ့ကြတယ်ပေါ့ကွာ၊
အခုအဲဒီခေတ်မျိုးမဟုတ်တော့ဘူးကွ
အရင်အကျင့်အတိုင်း အထက်အဖွဲ့ကလုပ်နေတာတွေကို
ကန့်လန့်လုပ်နေလို့ မရဘူး
အဆင်ပြေပြေ နဲ့ လိုက်လျှောညီထွေဖြစ်အောင် လုပ်ကြရမှာ ..
ဗဟိုက ဘယ်လိုမူရှိသလဲ၊ အစိုးရက ဘယ်လမ်းသွားနေသလဲ
စဉ်းစားဥာဏ်ရှိရှိ၊ သတိရှိရှိ လုံ့လရှိရှိနဲ့ လုပ်ကြရမှာ
ကိုယ်လုပ်ရမဲ့ လုပ်ငန်းစဉ်၊ အစီအစဉ်တွေကို အောင်မြင်အောင်လုပ်ကြရမှာ ..
အဲဒီလိုမဟုတ်ဘဲ အရင်ကအကျင့်တွေအတိုင်း ကန့်လန့်လိုက်လုပ်ပြီး
ငါက ဘာ၊သူ ကဘယ်လို၊ ငါက ဘယ်တုန်းကလုပ်ခဲ့တာ၊ ဘယ်သူတွေက

ဘယ်လို
အဲဒီလိုလူတွေ ပါမလာဘဲ၊ ကျန်ခဲ့တာဘဲကွာ .. ရှင်းနေတာ
ဦး ပြောတော့ အလွယ်လေး ...
- အေး အလွယ်လေးဘဲကွ
ဒီမယ် ဘာမှ အတွေးခေါင်မနေနဲ့
အောက်ခြေကနေ မဲစနစ်တွေနဲ့သွားတာ
ရွေးချယ်ပေးလိုက်တဲ့ သူတွေဘဲ
NLD ရှေ့လုပ်ငန်းစဉ်တွေ ကို လုပ်သွားကြရမှာ
အရင်လုပ်လုပ်၊ နောက်မှလုပ်လုပ်၊ ပေါ်ပင်ပင် မပေါ်ပင်ပင်
ရွေးလိုက်တဲ့သူတွေဘဲ ရှင်းလား
အေးဒီမိုကရေစီကို တကယ်မြတ်နိုးတယ်ဆိုရင်
သူသဘော၊ ကိုယ်သဘော နားလည်တန်ဘိုးထားတတ်ရမယ်။
ဒီမိုကရေစီဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို
အဖွဲ့ထဲမှာ ကိုယ်ပါပါ မပါပါ
ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက
ကြိုးစားလုပ်ဆောင်ဘို့ဘဲ ...
ဒီလိုမှ မဟုတ်ရင်
ဘေးကို ရောက်ရင်း ရောက်ရင်းနဲ့
ဟို ဘေးအစွန်းက ချောက်ထဲရောက်သွားပြီး
ဘာမှသုံးမရတဲ့ သူ ဖြစ်သွားလိမ့်မယ် ....
ဟာ ... ဒါဆို ဦးက NLD ပါဗျာ
ဂွကျလှချည်လား
ဘာဖြစ်ဖြစ်ပေါ့ကွ NLD မှလားကွ
ဒီမိုကရေစီကို မြတ်နိုးတဲ့
ဒီမိုကရေစီ နိုင်ငံ ပီပီပြင်ပြင် ဖြစ်လိုတဲ့
သူတိုင်းသူတိုင်း

ဒီမိုကရေစီ အသွင် ပုံဖော်မှုတွေမှာ
အရည်အချင်းမြင့်မြင့်
စွမ်းဆောင်နိုင်ရည်မြင့်မြင့်နဲ
လုပ်ဆောင်ကြဘို့
တော်ပြီကွာ .. ဟေ့ကောင်လေး .. သွား ..သွား ...
မင်းပြောရတာ မောလိုက်တာ ....
 

No comments:

Post a Comment