သူတို့မျှော်မှန်းတဲ့ နေ့သစ် ရောက်ကိုရောက်ရမယ် ...
နေ့သစ် ... ကို ဖန်တီးထားတဲ့ နေ့သစ်ရဲ့ .....
ကျနော်တို့အကြောင်း
ကျနော်တို့ ယုံကြည်ချက်တူသူတွေ စုစည်းခဲ့ကြတယ်။ ကျနော်တို့အားလုံးဟာ အိမ်လွမ်းစိတ္တဇ ရှိကြသူတွေချည်း ဖြစ်ပါ တယ်။ ပြီးတော့အိပ်မက်တွေလည်း တူနေပြန်ရော။
ယုံကြည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမိနိုင်ငံမှာ မုချကျဆုံးရမယ်။ အိပ်မက်ကတော့ ဒီမိုကရေစီ နိုင်ငံတော်သစ် ကို ထူထောင်မယ်။ ဒီတော့ ကျန်တာက အိမ်လွမ်းစိတ္တဇ …. ရေခြားမြေခြားမှာ အလွမ်းဆုံးက ရိုးရာယဉ်ကျေးမှုပါပဲ။ မိခင်ဘာသာစကား၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု … စတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ရနံ့တွေကို တမ်းတလာတယ်။ တန်ဖိုး ထားလာတယ်။ ပြီးတော့ သမိုင်း … ။ ခေတ်အဆက်ဆက် ကျနော်တို့ ထိတွေ့ခဲ့ရတဲ့ သမိုင်းက မပြည့်၊ မစုံ၊ လိမ်စဉ်၊ အ တုကြီး။
ဒါကြောင့် ဒီ ၀က်ဘ်ဆိုက် ကလေးကိုကြိုးစားပုံဖေါ်ကြည့်တာပါ
No comments:
Post a Comment