Saturday, May 18, 2013

မဆဲမိအောင်

Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားမတိုက်ဆိုင်လို့
အပြန်အလှန် အငြင်းအခုန်၊ နဲ့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြ၊ ရေးသားကြရတာ
ပျော်စရာတော့ အကောင်းသားပါ။
ကိုယ့်ရဲ့ တိုက်ခိုက်မှုအပေါ် ဘယ်လိုများ တုန့်ပြန်လာမလဲ
ကိုယ်တင်လိုက်တဲ့ ပို့စ် အတွက် ဘယ်လိုများ တိုက်ခိုက်ကြမလဲ ဆိုတာ
စိတ်ဝင်တစားရှိနေကြတာ များပါတယ်။
တခုတော့ ရှိတယ်။ သဘောထားကြီးဘို့တော့ လိုပါတယ်။
ခွင့်လွတ် နားလည်တတ်ဖို့လဲ အရေးကြီးပါတယ်။
စိတ်မဆိုး၊ ဒေါသမဖြစ်အောင်ထိမ်းပြီး
ကိုယ်သဘောထား၊ ကိုယ့်ဆန္ဒကို အေးအေးဆေးဆေးနဲ့
တုန့်ပြန်တတ်ဖို့ လိုပါတယ်။
တကယ့်ကို အရေးကြီးတာက
ညစ်ညမ်းတဲ့ အဆဲအဆို အသုံးအနှုံးမျိုးကို မသုံးမိစေဘို့ သိပ်ကိုအရေးကြီးပါတယ်။
အဲဒီလို သုံးလိုက်လို့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ
ဘယ်သူသိတာမှတ်လို့ လို့ အတွေးမျိုးထားမယ်ဆိုရင်
ကိုယ်က ကိုယ့်ကိုယ်ကို တန်ဘိုးမထားရာကျပါမယ်။
ညစ်ညမ်းတဲ့ အသုံးအနှုံးတွေဟာ
မိမိကိုယ်ကိုယ်မိမိ တန်ဘိုးမရှိအောင်လုပ်တာနဲ့ အတူတူဖြစ်သလို
ဘယ်တော့မှလည်း ကိုယ့်ဘ၀ ကိုယ့်အခြေအနေဟာ
ပြောင်ပြောင် ရောင်ရောင် ရှိလာမှာ မဟုတ်ဘူးဆိုတာ
စေတနာကောင်းနဲ့ သတိပေးလိုက်ပါရစေ။

No comments:

Post a Comment