Saturday, May 18, 2013

နိုင်ငံရေး နဲ့ မောင်ဖုန်း

ဦး
ကျွန်တော် နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပါတယ်ဗျာ။
နိုင်ငံရေးနဲ့ ပါတ်သက်လို့ သူများတွေ ပြောကြ လုပ်ကြသလို ကျွန်တော် အရမ်းလုပ်ချင်တယ်။
အဲဒါ ဘယ်စာအုပ်တွေ ဖတ်ရမလဲ၊ ဘာတွေ လေ့လာရမလဲ။
မောင်ဖုန်း
ဒါနဲ့ ခဏနေပါဦး
တစ်နေ့က မင်းအမျိုးသမီး ကျမ်းမားရေးမကောင်းလို့ဆို
ဟုတ်ကဲ့ အဲဒါအခု ဆေးခန်းလိုက်မပို့လို့ ဆူညံပူညံလုပ်နေတာ
နားညဉ်းလို့ ဒီဘက်ခဏထွက်လာတာ။
ဒါနဲ့ မင်းသားအငယ်ကောင်က နေ့လည်က ငိုနေပါလားကွ ဆူညံနေတာဘဲ။
ဟုတ်တယ် ဦးရေ သားအငယ်က လွယ်အိပ်ဝယ်မပေးလို့တဲ့
အိမ်ရှေ့က ကလေးတစ်ယောက်က သူအဖေလွယ်အိပ်ဝယ်လာတာမြင်လို့ အဲဒါပူဆာနေတာ
သြော် .. သြော် ...
မောင်ဖုန်း
အခုငါအလုပ်တွေရှိသေးတယ်ကွ
ငါပြောမယ်
မင်း အခုအားနေတာဘဲ
မင်းမိန်းမကို ဆေးခန်းလိုက်ပို့ပေးလိုက်ပါကွာ။
မင်းသား အငယ်ကောင်လဲ လွယ်အိပ်ဝယ်ပေးလိုက်။
တကယ်လို့ မင်းမှာ လောလောဆယ် ပိုက်ဆံမရှိသေးဘူးဆိုယင်
ဒေါ်ကြီးငွေ စီ ငါကလို့ပြောပြီး ပိုက်ဆံချေးသွား။
နောက်မင်းအဆင်ပြေအောင် အလုပ်ကြိုးစားပြီးပြန်ဆပ်ပေါ့။
ဟုတ်ပြီလား
သွား .. သွား ..
အချိန်ရှိတုန်း
နောက်မှ မင်းနဲ့ငါ နိုင်ငံရေးကြောင်းတွေ ဆွေးနွေးကြတာပေါ့။

No comments:

Post a Comment