အတွေးတစ်မျိုးစီ၊ ပညာမညီကြ
အဲဒါလူ့လောက။
ဥာဏ်ပညာနည်း၊ ဥစ္စာမွဲကာ
ဆင်းရဲရှာကြ
ရတာအကုန်ယူ၊ ငြူစူခံရဲ
ခံယူချက်မွဲကာ၊ ဘာမဆိုလုပ်ရဲ
အမှားအမှန်မခွဲခြား
သွားဆိုသွား၊ ထိုင်ဆိုထိုင်
ငိုင်မနေနဲ့
စားဆိုစား၊ ၀ါးရတာကို ကျေနပ်လို့
အတောင်တွေတတ်ကာ
အရောင်တွေဆိုးပေးထားကြတာ
အဲဒါစွမ်းအားရှင်တွေ .......
လူရည်ကအတော်လည်
ထည်ထည်လေးနေလိုတဲ့ကျင့်
အခြောင်ရမယ်ဆို ပြုံးချိုတဲ့ မျက်နှာထားတွေနဲ့
နှစ်လုံး သုံးလုံး ဘောလုံးပါမကျန်
ဟန်အပြည့်ထုတ်
လောင်းကစား အကုန်လုပ်တဲ့
စားခွက်အနီးက အကောင်ကြီးစတိုင်ဖန်းလို့
ချမ်းသာချင်လိုက်ကြတာ
လုပ်သမျှအကုန်ကာ၊ အကုန်ဖာဘို့
ယုံကြည်ရာမထား၊ ပညာမပါတဲ့ အတွေးတွေနဲ့
ကြံ့ခိုင်ရေးဆိုတာတွေ ..................
သြော် .......
ဒီလိုလောက၊ ဒီဘဝ
ဒီအစိုးရမျိုးမှာ ............................
အမှားအမှန်၊ ဝေဖန်ပိုင်းခြား
အတွေးများနဲ့
ယုံကြည်မှုထား
မှားရင် လှည့်မကြည့်၊ တိကျတဲ့အမြင်
စင်ကြယ်တဲ့သီလ
လက်မကိုထောင်
အသက်နဲ့ ဘ၀ကိုတောင် အပေါင်ထားရဲ့ကြတဲ့
အမောင်သူရဲကောင်းအပေါင်းတို့
အသင်တို့ရဲ့ ၀ိညာဉ်တွေဟာ
ကောင်းကင်ယံမှာ၊ ကမ္ဘာတည်နေသ၍
လင်းလက်တောက်ပ တည်နေကြမယ်ဆိုတာ ......................
..............................
R Gan Nu
30.6.2013
No comments:
Post a Comment