Sunday, June 30, 2013

ဖုံးထားလို့ရမလား

မင်းဘယ်သူပြောတာတုန်း ...
- အဲဒီနားတ၀ိုက်ကလူတွေပြောတာ
သေရေသေချာရဲ့လားကွာ
- သေချာတယ် ၊ တစ်နေ့ပေါ်မှာဘဲ
ဒါဖြင့်အဲဒီ ရဲစခန်းက ဘာတွေအလုပ်လုပ်ပြီး ဘယ်နယ်နဲ့ သက်ဆိုင်တာတုန်း
- ဒါတော့ သိဘူးလေ
အေး အဲဒီစခန်းက တာဝန်ကျတဲ့ကောင်တွေ မကြောက်ကြဘူးလားဟ
သူတို့စခန်းအောက် မသေမရှင်နဲ့ လူတွေအစုလိုက်အပြုံလိုက် မြုပ်ထားတာဆိုတော့
- ဒါလဲသိဘူးလေ
(တခြားတစ်ယောက်) မင်းတို့ကဘာတွေဖြစ်ပြီး ဘာတွေပြောနေကြတာတုန်း
စခန်းတွေရော သေတာတွေရော မြုပ်တာတွေရော ....
..................................................
ဒီလိုအဘရေ ...
ဒီပဲရင်းမေ၃၀ အရေးအခင်းမှာ စစ်အစိုးရက
ဒေါ်စုနဲ့ ပါတဲ့သူတွေကို ယုတ်ယုတ်မာမာ လုပ်ကြံပြီး လူသတ်ပွဲကြီးလုပ်ခဲ့တယ်လေ
အဲဒီမှာ ပါသွားကြတဲ့ သူတွေ၊ သေတဲ့ သူတွေ၊ မသေမရှင်သူတွေ အကုန်လုံး ဘူဒိုဇာနဲ့ထိုးပြီး
ကျင်းကြီးလုပ်၊ အဲဒီကျင်းကြီးထဲလူတွေကိုထည့် ပြီးမြုပ်ထားတာ။
အဲဒါကို ဖော်မရအောင် မပေါ်အောင်ဆိုပြီး အဲဒီမြုပ်ထားတဲ့အပေါ်ကို ရဲစခန်းလုပ်တာတဲ့ဗျား၊ အဲဒီရဲစခန်းက ဒီပဲရင်းမြို့ရဲ တောင်ဘက်နားမှာ ရှိတယ်တဲ့ ....အဲဒီလိုသူပြောတာ
အဲဒါကို ကျွန်တော်က ဟုတ်လို့လားလို့ မေးနေတာ။

No comments:

Post a Comment