ပြောကွာ ဘာတုန်း ....
- NLD ကိစ္စပါ
အရေးထဲကွာ၊ ၀ီရသူကတမျိုး၊ TIME ကတမျိုး၊ မျိုးစောင့်ဥပဒေကတမျိုး ရှုပ်နေရတဲ့အထဲ
မင်းကလာပြန်ပြီ NLD ကိစ္စ ပြော
- ဒီလိုပါ ရှုပ်နေလို့
ရှုပ်တာကတော့ မင်းပြောမှလားကွ သူဟာသူရှုပ်ရှုပ်
- မဟုတ်ဘူးဆရာ ရှုပ်တာက NLD ရုံးတွေ နဲ့ လွတ်တော်အမတ်ရုံးတွေ အဲဒါ
အဲဒါဘာဖြစ်လဲ
- ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အရွေးခံခဲ့ကြရတဲ့ လွတ်တော်ကိုယ်စားလှယ်တွေက
အခု သူတို့မြို့နယ်တွေမှာ အမတ်ရုံးတွေဖွင့်ပြီး လှုတ်ရှားမှုတွေ လုပ်နေကြတယ်။
လုပ်ရမှာပေါ့ကွ ဒါလုပ်သင့်လို့လုပ်တာ
- မဟုတ်ဘူးဆရာရ
အမတ်နဲ့ ပါတီရုံးနဲ့ တသားတည်းဖြစ်တဲ့၊ ပြောရရင် တည့်တည့်ရှိရှိ ရှိကြတဲ့ မြို့နယ်တွေမှာ
ပြသနာမဟုတ်ဘူးပေါ့ဗျာ ....
အမတ်နဲ့ ပါတီရုံးနဲ့ မတည့်တဲ့ မြို့နယ်တွေကျ ဘယ်သူအဖေခေါ်ရမှန်းမသိ ဒုက္ခရောက်ကြရတော့တာဘဲ။
အေး စိတ်တော့ဝင်စားစရာအကောင်းသား အဲဒါဘာဖြစ်လဲ
- အဲဒါဘာဖြစ်လဲဆိုတော့ အမတ်ရုံးကလဲ တောင်သူလယ်သမား ပြသနာဖြေရှင်းရေးတာဝန်ခံက
တမျိုးဖြေရှင်း ဟို သူနဲ့မတည့်တဲ့ ပါတီရုံးက တောင်သူလယ်သမား တာဝန်ခံကလဲ
ဒီကောင်ပြောတာ မဟုတ်ဘူး ဒီလိုနဲ့ ရှုပ်နေတာဘဲ။ ပြောတော့ နှစ်ယောက်လုံးက
ဒေါ်စုပါတီ NLD တဲ့ဗျ။ ကဲကျုပ်တို့ ရပ်ကျေးတွေက ဘာလုပ်ရမှာတုန်း။
ပြေလည်အောင်ညှိပေးလိုက်ပေါ့ကွာ။
မရဘူးဗျ သူတို့တစ်တွေက အရင်ကတည်းကမတည့်ကြတာ၊ တစ်ယောက်က အဖြူဆို တစ်ယောက်ကအမဲ အဲလိုဖြစ်နေတာ။
နောက်ပြီး ပိုဆိုးတာက ပါတီရုံးအဖွဲ့တွေနဲ့ မတည့်တဲ့ သူတွေက အမတ်ရုံးမှာသွားစုနေကြပြီး တစ်ဦးနဲ့တစ်ဦး ရန်ဆောင်အပုတ်ချနေကြတာ။
ဒါဆိုလဲ ဘယ်သူနဲ့မှ ဘာမှမလုပ်နဲ့တော့ပေါ့ကွာ ရှင်းနေတာဘဲ
အဲဒီလိုလဲ မဖြစ်သေးဘူးဗျ၊ ကျုပ်တို့က ဒေါ်စုမှဒေါ်စု၊ NLD မှ NLD ဖြစ်နေကြတာမို့။
အေး ဒါဆိုလဲ မတည့်တဲ့သူတွေ ဒုတ်နဲ့ဒါးပေးပြီး ဆော်အောင်မြှောက်ပေးလိုက်ကြ ဒါဘဲရှိတော့တာ။
မင်းတို့ တိုင်းတွေ ဗဟိုတွေက ဘာမှမပြောဘူး မလုပ်ဘူးလား။
အဲဒါတော့ မသိဘူးလေ ......
ဒါဆိုလဲ မင်းတို့ NLD ဗဟိုကို massage လှမ်းပေးလိုက်ပါဦးမယ်။
ဒါနဲ့ ဆရာကဘာတုန်း
ငါကလား
အင်း
ငါက လူထုမောင်ကာဠု နဲ့ ဒေါက်တာဆိတ်ဖွားတို့ အဖေဘဲ။
ဟာ ... ဆရာကလဲ ကိုယ်ဟာကိုယ့် ခွေးမျိုးထဲရောက်သွားအောင် .....
အောင်မာ အောင်မာ မင်းကငါ့ကို ..... လာလေ့ကွာ ... သေပေရော့ .........
အောင်မလေးဗျ ....... အောင်မလေး
မှတ်ပီလားကွ ........ ကွ .......။
သွား .... မင်းတို့ကိစ္စ ၀ိစ္စတွေ လာမရှုပ်ကြနဲ့ .......................................
No comments:
Post a Comment