Sunday, June 30, 2013

ဖွတ်ပဒတ်ပါတီ

R Gan Nu တို့ ဖွတ် ပဒတ် ပါတီကြီးအနေနဲ့
မြန်မာကရော ကမ္ဘာကပါ လေးစားသမှုရှိစေရန် ......
ဝေစား မျှစား ခိုးစားတောင်းစား အစည်းမကပ် ထောင့်ထောင့်အောင့်အောင်ရှိသော
ပုဂ္ဂိုလ်များကို ပါတီမှ စိန်တစ်ပြည် ဆီအလုံးတစ်ထောင် မှောင်ခိုကား အစီးတစ်ရာ နေအိမ်ခြံဝန်း တိုက်တာ အုတ်ဂူပါမကျန် အားလုံးပေးအပ်ပြီး ပါတီမှ နှင်ထုတ်လိုက်ပါသည်။
တောပြော တောင်ပြော မရေမရာ ဗလေဗဇာ တန်ဘိုးမဲ့စကားများသာပြောတတ်ကြသ
လူများနှင့်သာဖွဲ့စည်းထားသည့် ပါတီကြီးဖြစ်သည့်အတွက်ကြောင့်
တီးလုံးတိုက်ကာ သင်ကြားပြသထားသည်တို့သာ
ပြောဆိုကြရန်အတွက်
မရှိမဲ့ရှိမဲ့ သိက္ခာကို စောင့်စည်းခြင်းအားဖြင့်
ပါတီကြီး၏ အရေးကိစ္စများကို ထိုသူများကသာ ပြောဆိုကြရန်
အူကြောင်ကြား ပြောရေးဆိုခွင့်ရှိသူများအဖြစ်
ဂုတ်ကြား၊ အောင်နက်၊ နဖြူ၊ နနီ တို့လေးဦးအား
တာဝန်ပေးအပ် ခန့်ထားလိုက်ပါကြောင်း ..............
.................................................................
ပုံ - ဖွတ်ကြား R Gan Nu (အတွင်းရေးမှူး ချုပ်မှူး ချုပ်)
ဖွတ် ပဒတ် ပါတီကြီး၊ မြန်မာနိုင်ငံ၊ အရှေတောင်အာရှ၊
ဘဒ္ဒကမ္ဘာ

No comments:

Post a Comment