Sunday, June 30, 2013

သူရဲကောင်း

လူအမျိုးမျိုး နတ်အထွေထွေ
အတွေးတစ်မျိုးစီ၊ ပညာမညီကြ
အဲဒါလူ့လောက။
ဥာဏ်ပညာနည်း၊ ဥစ္စာမွဲကာ
ဆင်းရဲရှာကြ
ရတာအကုန်ယူ၊ ငြူစူခံရဲ
ခံယူချက်မွဲကာ၊ ဘာမဆိုလုပ်ရဲ
အမှားအမှန်မခွဲခြား
သွားဆိုသွား၊ ထိုင်ဆိုထိုင်
ငိုင်မနေနဲ့
စားဆိုစား၊ ၀ါးရတာကို ကျေနပ်လို့
အတောင်တွေတတ်ကာ
အရောင်တွေဆိုးပေးထားကြတာ
အဲဒါစွမ်းအားရှင်တွေ .......
လူရည်ကအတော်လည်
ထည်ထည်လေးနေလိုတဲ့ကျင့်
အခြောင်ရမယ်ဆို ပြုံးချိုတဲ့ မျက်နှာထားတွေနဲ့
နှစ်လုံး သုံးလုံး ဘောလုံးပါမကျန်
ဟန်အပြည့်ထုတ်
လောင်းကစား အကုန်လုပ်တဲ့
စားခွက်အနီးက အကောင်ကြီးစတိုင်ဖန်းလို့
ချမ်းသာချင်လိုက်ကြတာ
လုပ်သမျှအကုန်ကာ၊ အကုန်ဖာဘို့
ယုံကြည်ရာမထား၊ ပညာမပါတဲ့ အတွေးတွေနဲ့
ကြံ့ခိုင်ရေးဆိုတာတွေ ..................
သြော် .......
ဒီလိုလောက၊ ဒီဘဝ
ဒီအစိုးရမျိုးမှာ ............................
အမှားအမှန်၊ ဝေဖန်ပိုင်းခြား
အတွေးများနဲ့
ယုံကြည်မှုထား
မှားရင် လှည့်မကြည့်၊ တိကျတဲ့အမြင်
စင်ကြယ်တဲ့သီလ
လက်မကိုထောင်
အသက်နဲ့ ဘ၀ကိုတောင် အပေါင်ထားရဲ့ကြတဲ့
အမောင်သူရဲကောင်းအပေါင်းတို့
အသင်တို့ရဲ့ ၀ိညာဉ်တွေဟာ
ကောင်းကင်ယံမှာ၊ ကမ္ဘာတည်နေသ၍
လင်းလက်တောက်ပ တည်နေကြမယ်ဆိုတာ ......................
...............................................................................
R Gan Nu
30.6.2013

နောက်ဘ၀ကျမှ

သြော် ......
လောကကြီးရဲ့ကောင်းကျိုးတွေ
လူသားတွေရဲ့ ကောင်းကျိုးတွေ ...
ကြီးမားတဲ့ မေတ္တာ၊ စေတနာတွေထားပြီး ...
ကြိုးစားလုပ်ဆောင်ခဲ့ကြတာ ......
အသိအမြင်ကကြီးမားပြီး၊ မေတ္တာတရားတွေကကြီးမားကြတော့ ...
အခက်အခဲတွေ၊ ဒုက္ခတွေအမျိုးမျိုး၊ အနှောက်အယှက်တွေအမျိုးမျိုးကို
အပြုံးမပျက် ခွင့်လွတ်သည်းခံခြင်းတရားတွေနဲ့
လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုး
ဆောင်ရွက်ကြိုးပမ်းခဲ့ကြတဲ့ ကျေးဇူးရှင်တွေကို
ဦးညွှတ်ပါတယ် ...
ဒူးထောက်ပါတယ် ...
ရှိခိုးကန့်တော့ပါတယ် ...
..............................
ကျွန်တော်မျိုး ဘာကောင်းကျိုးမှ မဆောင်ရွက်နိုင်ခဲ့သေးတဲ့
လူမိုက်ကြီး၊ ကိုယ်ကျိုးရှာ၊ တစ်ကိုကောင်းသမား အတ္တကြီးတဲ့
ငမိုက်သား R Gan Nu .....
အမျိုးစောင့်ရမလား၊ မစောင့်ရဘူးလား ...
969 ရမလား မ 9 ရဘူးလား ...
ကြံ့ဖွံ့နဲ့ပေါင်းပြီး ဘာတောင်းရရင်ကောင်းမလဲ ....
NLD မှာ အာဏာရလိုရငြား ယောင်ဝါးလိုက်ရမလား ...
စစ်တပ်နဲ့ပေါင်းပြီး ပညာဘေးထား စီးပွါးလုပ်ပြီး ခြိမ်းခြောက် အော်တာငေါက်တာ လုပ်ရမလား ..နဲ့
ဖေ့စ်ဘုတ်သုံးရင်း အကုသိုလ်တွေပွါးပြီး နေလာလိုက်တာ ...
သေခါတောင်နီးနီးလာပြီ။
................................
မထူးတော့တာမို့
ဒီဘ၀တော့ ခွင့်လွတ်လိုက်ပါခင်ဗျာ။
နောက်ဘ၀ကျမှ ဆပ်စရာအကြွေးတွေဆပ်ရင်းနဲ့ ......
ကောင်းကျိုးတွေကို သိသိကြီးနဲ့ဘဲ ...
ဆက်မိုက်မိနေမလား မပြောတတ်ပါဘူး။
...................................
ကိုယ်ကျင့်တရားစောင့်ထိမ်းသူအား
ဦးညွှတ်ပါ၏။
ကိုယ်ကျင့်တရားနှင့် ပညာကြီးမြင့်သူအား ...
ဒူးထောက်ပါ၏။
ကိုယ်ကျင့်တရား နှင့် ပညာကြီးမြင့်ပြီး တည်ကြည်သော သမာဓိရှိသူအပေါင်းအား
လက်ဆယ်ဖြာမိုးကာ ရှိခိုးကန့်တော့ပါ၏။

လွတ်တော်အမတ်ရုံး

ပြောကွာ ဘာတုန်း ....
- NLD ကိစ္စပါ
အရေးထဲကွာ၊ ၀ီရသူကတမျိုး၊ TIME ကတမျိုး၊ မျိုးစောင့်ဥပဒေကတမျိုး ရှုပ်နေရတဲ့အထဲ
မင်းကလာပြန်ပြီ NLD ကိစ္စ ပြော
- ဒီလိုပါ ရှုပ်နေလို့
ရှုပ်တာကတော့ မင်းပြောမှလားကွ သူဟာသူရှုပ်ရှုပ်
- မဟုတ်ဘူးဆရာ ရှုပ်တာက NLD ရုံးတွေ နဲ့ လွတ်တော်အမတ်ရုံးတွေ အဲဒါ
အဲဒါဘာဖြစ်လဲ
- ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အရွေးခံခဲ့ကြရတဲ့ လွတ်တော်ကိုယ်စားလှယ်တွေက
အခု သူတို့မြို့နယ်တွေမှာ အမတ်ရုံးတွေဖွင့်ပြီး လှုတ်ရှားမှုတွေ လုပ်နေကြတယ်။
လုပ်ရမှာပေါ့ကွ ဒါလုပ်သင့်လို့လုပ်တာ
- မဟုတ်ဘူးဆရာရ
အမတ်နဲ့ ပါတီရုံးနဲ့ တသားတည်းဖြစ်တဲ့၊ ပြောရရင် တည့်တည့်ရှိရှိ ရှိကြတဲ့ မြို့နယ်တွေမှာ
ပြသနာမဟုတ်ဘူးပေါ့ဗျာ ....
အမတ်နဲ့ ပါတီရုံးနဲ့ မတည့်တဲ့ မြို့နယ်တွေကျ ဘယ်သူအဖေခေါ်ရမှန်းမသိ ဒုက္ခရောက်ကြရတော့တာဘဲ။
အေး စိတ်တော့ဝင်စားစရာအကောင်းသား အဲဒါဘာဖြစ်လဲ
- အဲဒါဘာဖြစ်လဲဆိုတော့ အမတ်ရုံးကလဲ တောင်သူလယ်သမား ပြသနာဖြေရှင်းရေးတာဝန်ခံက
တမျိုးဖြေရှင်း ဟို သူနဲ့မတည့်တဲ့ ပါတီရုံးက တောင်သူလယ်သမား တာဝန်ခံကလဲ ဒီကောင်ပြောတာ မဟုတ်ဘူး ဒီလိုနဲ့ ရှုပ်နေတာဘဲ။ ပြောတော့ နှစ်ယောက်လုံးက ဒေါ်စုပါတီ NLD တဲ့ဗျ။ ကဲကျုပ်တို့ ရပ်ကျေးတွေက ဘာလုပ်ရမှာတုန်း။
ပြေလည်အောင်ညှိပေးလိုက်ပေါ့ကွာ။
မရဘူးဗျ သူတို့တစ်တွေက အရင်ကတည်းကမတည့်ကြတာ၊ တစ်ယောက်က အဖြူဆို တစ်ယောက်ကအမဲ အဲလိုဖြစ်နေတာ။
နောက်ပြီး ပိုဆိုးတာက ပါတီရုံးအဖွဲ့တွေနဲ့ မတည့်တဲ့ သူတွေက အမတ်ရုံးမှာသွားစုနေကြပြီး တစ်ဦးနဲ့တစ်ဦး ရန်ဆောင်အပုတ်ချနေကြတာ။
ဒါဆိုလဲ ဘယ်သူနဲ့မှ ဘာမှမလုပ်နဲ့တော့ပေါ့ကွာ ရှင်းနေတာဘဲ
အဲဒီလိုလဲ မဖြစ်သေးဘူးဗျ၊ ကျုပ်တို့က ဒေါ်စုမှဒေါ်စု၊ NLD မှ NLD ဖြစ်နေကြတာမို့။
အေး ဒါဆိုလဲ မတည့်တဲ့သူတွေ ဒုတ်နဲ့ဒါးပေးပြီး ဆော်အောင်မြှောက်ပေးလိုက်ကြ ဒါဘဲရှိတော့တာ။
မင်းတို့ တိုင်းတွေ ဗဟိုတွေက ဘာမှမပြောဘူး မလုပ်ဘူးလား။
အဲဒါတော့ မသိဘူးလေ ......
ဒါဆိုလဲ မင်းတို့ NLD ဗဟိုကို massage လှမ်းပေးလိုက်ပါဦးမယ်။
ဒါနဲ့ ဆရာကဘာတုန်း
ငါကလား
အင်း
ငါက လူထုမောင်ကာဠု နဲ့ ဒေါက်တာဆိတ်ဖွားတို့ အဖေဘဲ။
ဟာ ... ဆရာကလဲ ကိုယ်ဟာကိုယ့် ခွေးမျိုးထဲရောက်သွားအောင် .....
အောင်မာ အောင်မာ မင်းကငါ့ကို ..... လာလေ့ကွာ ... သေပေရော့ .........
အောင်မလေးဗျ ....... အောင်မလေး
မှတ်ပီလားကွ ........ ကွ .......။
သွား .... မင်းတို့ကိစ္စ ၀ိစ္စတွေ လာမရှုပ်ကြနဲ့ .......................................

စစ်သူတောင်းစားတက္ကသိုလ်

စစ်အစိုးရလက်ထက်တွင် ပညာရေးကို အထူးအားပေးသည့်အနေဖြင့်
တက္ကသိုလ်ကောလိပ်များ အများအပြားဖွင့်လှစ်ပေးခြင်း၊
ဒီဂရီများ၊ ဘွဲ့ထူးဂုဏ်ထူးများကိုလည်း တိုးမြင့်ပေးအပ်ချီးမြင့်ခြင်းများ ပြုလုပ်ခဲ့သည်မှာ
အလွန်ပင် ၀မ်းမြောက်ဂုဏ်ယူစရာကောင်းလှပါသည်။
ဆေးတက္ကသိုလ်များကို တိုးချဲ့ပြီး စစ်ဆေး တက္ကသိုလ်
အင်ဂျင်နီယာတက္ကသိုလ်များကို တိုးချဲ့ပြီး စစ် အင်ဂျင်နီယာတက္ကသိုလ်
စသည်ဖြင့် စသည်ဖြင့် ဖွင့်လစ်ပေးပြီး
စစ် စစ် စစ် ပညာရှင် အများအပြားမွေးထုတ်ပေးခဲ့ပါသည်။
သို့ပါသော်လည်း
ကျွန်တော်တို့ ပြည်သူအများအပြား မသိကြ
တက်ရောက်ပညာသင်ကြားခြင်းလည်း မပြုနိုင်ခဲ့ကြသေးသော
ထိပ်ပိုင်းခေါင်းဆောင် များသာတက်ရောက်ပညာသင်ယူခဲ့ကြသည်
စစ် သူတောင်းစား တက္ကသိုလ်မှာ
မည်သည့်နေရာတွင် ဖွင့်လှစ်ထားသည်ကို မသိရှိရပါကြောင်း။
၎င်းတက္ကသိုလ်မှာ ယနေ့အချိန်ထိဖွင့်လှစ်သင်ကြားလျှက်ရှိနေပြီး
စုန်းတောက်သလို၊ သရဲချောက်သလို ပညာရပ်များ၊ တီးလုံးတီးကွက်များကို
သင်ကြားပို့ချနေသည်ဟု ယူဆရပါကြောင်း။
ဲကဲ ......... ပညာတော်သင်မိတ်ဆွေအပေါင်းတို့
အဲဒီ စစ်သူတောင်းစားတက္ကသိုလ်ကို ဖော်ထုတ် မီးသဂြိုလ်ပစ်လိုက်ပြီးမှ သာ ....
ဒီမိုကရေစီ ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါလိမ့်မဗျား ........................................

ဖွတ်ပဒတ်ပါတီ

R Gan Nu တို့ ဖွတ် ပဒတ် ပါတီကြီးအနေနဲ့
မြန်မာကရော ကမ္ဘာကပါ လေးစားသမှုရှိစေရန် ......
ဝေစား မျှစား ခိုးစားတောင်းစား အစည်းမကပ် ထောင့်ထောင့်အောင့်အောင်ရှိသော
ပုဂ္ဂိုလ်များကို ပါတီမှ စိန်တစ်ပြည် ဆီအလုံးတစ်ထောင် မှောင်ခိုကား အစီးတစ်ရာ နေအိမ်ခြံဝန်း တိုက်တာ အုတ်ဂူပါမကျန် အားလုံးပေးအပ်ပြီး ပါတီမှ နှင်ထုတ်လိုက်ပါသည်။
တောပြော တောင်ပြော မရေမရာ ဗလေဗဇာ တန်ဘိုးမဲ့စကားများသာပြောတတ်ကြသ
လူများနှင့်သာဖွဲ့စည်းထားသည့် ပါတီကြီးဖြစ်သည့်အတွက်ကြောင့်
တီးလုံးတိုက်ကာ သင်ကြားပြသထားသည်တို့သာ
ပြောဆိုကြရန်အတွက်
မရှိမဲ့ရှိမဲ့ သိက္ခာကို စောင့်စည်းခြင်းအားဖြင့်
ပါတီကြီး၏ အရေးကိစ္စများကို ထိုသူများကသာ ပြောဆိုကြရန်
အူကြောင်ကြား ပြောရေးဆိုခွင့်ရှိသူများအဖြစ်
ဂုတ်ကြား၊ အောင်နက်၊ နဖြူ၊ နနီ တို့လေးဦးအား
တာဝန်ပေးအပ် ခန့်ထားလိုက်ပါကြောင်း ..............
.................................................................
ပုံ - ဖွတ်ကြား R Gan Nu (အတွင်းရေးမှူး ချုပ်မှူး ချုပ်)
ဖွတ် ပဒတ် ပါတီကြီး၊ မြန်မာနိုင်ငံ၊ အရှေတောင်အာရှ၊
ဘဒ္ဒကမ္ဘာ

ဖုံးထားလို့ရမလား

မင်းဘယ်သူပြောတာတုန်း ...
- အဲဒီနားတ၀ိုက်ကလူတွေပြောတာ
သေရေသေချာရဲ့လားကွာ
- သေချာတယ် ၊ တစ်နေ့ပေါ်မှာဘဲ
ဒါဖြင့်အဲဒီ ရဲစခန်းက ဘာတွေအလုပ်လုပ်ပြီး ဘယ်နယ်နဲ့ သက်ဆိုင်တာတုန်း
- ဒါတော့ သိဘူးလေ
အေး အဲဒီစခန်းက တာဝန်ကျတဲ့ကောင်တွေ မကြောက်ကြဘူးလားဟ
သူတို့စခန်းအောက် မသေမရှင်နဲ့ လူတွေအစုလိုက်အပြုံလိုက် မြုပ်ထားတာဆိုတော့
- ဒါလဲသိဘူးလေ
(တခြားတစ်ယောက်) မင်းတို့ကဘာတွေဖြစ်ပြီး ဘာတွေပြောနေကြတာတုန်း
စခန်းတွေရော သေတာတွေရော မြုပ်တာတွေရော ....
..................................................
ဒီလိုအဘရေ ...
ဒီပဲရင်းမေ၃၀ အရေးအခင်းမှာ စစ်အစိုးရက
ဒေါ်စုနဲ့ ပါတဲ့သူတွေကို ယုတ်ယုတ်မာမာ လုပ်ကြံပြီး လူသတ်ပွဲကြီးလုပ်ခဲ့တယ်လေ
အဲဒီမှာ ပါသွားကြတဲ့ သူတွေ၊ သေတဲ့ သူတွေ၊ မသေမရှင်သူတွေ အကုန်လုံး ဘူဒိုဇာနဲ့ထိုးပြီး
ကျင်းကြီးလုပ်၊ အဲဒီကျင်းကြီးထဲလူတွေကိုထည့် ပြီးမြုပ်ထားတာ။
အဲဒါကို ဖော်မရအောင် မပေါ်အောင်ဆိုပြီး အဲဒီမြုပ်ထားတဲ့အပေါ်ကို ရဲစခန်းလုပ်တာတဲ့ဗျား၊ အဲဒီရဲစခန်းက ဒီပဲရင်းမြို့ရဲ တောင်ဘက်နားမှာ ရှိတယ်တဲ့ ....အဲဒီလိုသူပြောတာ
အဲဒါကို ကျွန်တော်က ဟုတ်လို့လားလို့ မေးနေတာ။

သဘောအကျဆုံး

မင်းအလေးစားဆုံးနဲ့ သဘောအကျဆုံးလူကို ပြောစမ်းကွာ ...
- ဦးသန်းရွှေ
ထွီ ......ဒီအောနှလုံးနာအကောင်ကိုမှ ....
- ဟာ ခင်ဗျားနဲ့တူမလားဗျ ခင်ဗျားမေးလို့လဲပြောရသေးတယ်။
ပြောစမ်းပါဦး မင်းသဘောကျတဲ့ အကြောင်းအရာတွေ
- ဒီလို သူက ကိုယ်ကျိုးမကြည့်ဘူး၊ ချစ်တတ်ခင်တတ်တယ်။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသူတွေကိုစာနာတယ်။ အမြဲတမ်း သန့်သန့်ရှင်းရှင်းရှိဘို့ လိုက်လုပ်ပေးတယ်။
ဂုဏ်မမောက်ဘူး၊ မာနမထားဘူး၊ အားလုံးကို ပျော်အောင်ထားတယ် ပျော်အောင်နေတယ်
ဇရပ်ပေါ်မှာနေရတာတောင် ၊ လာတည်းခိုတဲ့သူရှိရင် သူက ....
နေပါဦး ဒါနဲ့ မင်း ဦးသန်းရွှေကဘယ်သူပြောတာတုန်း ..
ဟိုတစ်နေကမှ ဇရပ်ပေါ်သေသွားတဲ့ စိတ်မနှံတဲ့ မပူတူးယောက်ျား ဦးသန်းရွှေ ပြောတာ ...
တကတည်းမှဘဲ အဟုတ်မှတ်လို့ နားထောင်နေတာ၊ လခွီးမှဘဲ ......