Monday, May 20, 2013

နိုင်ငံရေး နှင့် အမှန်တရား

ဦးခင်ညွန့်
တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း
ဦးခင်ညွန့်
နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို နားမလည်ပါ။
နိုင်ငံရေး ဆိုတာကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခြင်းမရှိပါ။
နိုင်ငံရေး၏ အနက်အဓိပ္ပါယ်ကို
အာဏာရှင်စစ်အစိုးရ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်မှာ အစိုးရနှင့်အာဏာပိုင်အဖွဲ့အစည်းကိုဆန့်ကျင်ခြင်း
အဖျက်လုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
အထက်ပါသဘောတရားအတိုင်းလည်း ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်စီမံလုပ်ဆောင်ခဲ့ပါသည်။
စစ်အစိုးရလက်ထက်တွင်
ဝန်ထမ်းများပါတီ နိုင်ငံရေးကင်းရှင်းရမည်။
ပါတီိနိုင်ငံရေး ကင်းရှင်းကြောင်း လက်မှတ်ထိုးပါ။
ပါတီနိုင်ငံရေး မလုပ်တော့ပါကြောင်း ၀န်ခံကတိလက်မှတ်ထိုးပါ။
စသည်တို့ဖြင့် အာဏာရှင်စစ်အစိုးရက ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်း မပြုဝံ့အောင်
နိုင်ငံရေးဆိုသည့် အဓိပ္ပါယ်ကို လွဲခြော်စွာ လုပ်ဆောင်ခဲ့ကြပါသည်။
ထိုအလွဲအခြော်ကြီး အတိုင်းပင်
ဖမ်းဆီးထိမ်းသိမ်းခြင်းခံခဲ့ရသော၊ နိုင်ငံရေးတွင် ကျရှုံးခဲ့ရသော
ဦးခင်ညွန့်သည် ယနေ့အချိန်ထိ
နိုင်ငံရေး၏ အဓိပ္ပါယ်အမှန်ကို နားလည်သိရှိခြင်း မရှိသေးပါ။
နိုင်ငံဝန်ထမ်းဆိုကတည်းက ထိုသူသည် နိုင်ငံရေးလုပ်သူဖြစ်ပါသည်။
ကျောင်းဆရာတစ်ယောက် ကျောင်းတွင်စာသင်ကြားနေခြင်းသည်
တပည့်များ နောင်တချိန်အနာဂတ်နိုင်ငံတော်တွင်
ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ပါသည်။
ထိုကြောင့် ထိုဆရာကျောင်းတွင်စာသင်ကြားခြင်းသည် နိုင်ငံ၏ အရေးကိစ္စတစ်ခုကို
ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
စစ်သားတစ်ယောက်၏မိန်းမ မီးဖိုချောင်ထဲတွင် ထမင်းဟင်းချက်ပြုတ်နေခြင်းသည်
သူ၏ခင်ပွန်းစစ်သား နိုင်ငံ၏အရေးကိစ္စများ ဆောင်ရွက်ခဲ့ပြီးအပြန် စားသောက်ရန်အတွက်
လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် သူကိုယ်တိုင် နိုင်ငံရေးကိစ္စအတွက် တဖက်တလမ်းမှ ထောက်ပံ့မှု ပေးနေသည့်အတွက် ထိုအမျိုးသမီး မီးဖိုထဲတွင် ထမင်းဟင်းချက်နေခြင်းသည် နိုင်ငံရေးလုပ်နေခြင်းဖြစ်ပါသည်။
ဆရာတော်တပါး ရဟန်းကိစ္စအတွက် တောထွက်တရားကျင့်ကြံ့နေခြင်းသည်
ထိုဆရာတော်၏ခန္တာဝန် ဘ၀ဇာတ်သိမ်းပြီး ဆရာတော်အတွက်ကျင့်ကြံနေခြင်းဖြစ်ပါသည်။
ထိုဆရာတော်မှ သတ္တ၀ါတွေကျမ်းမာ ချမ်းသာကြပါစေ လို့ မေတ္တာတရားပွါးများနေခြင်းသည်
နိုင်ငံသူနိုင်ငံသားများ မင်းဆိုးမင်းညစ်ဘေးမှ ကင်းဝေးစေရန် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ
ကျမ်းမာချမ်းသာစေသော အရိယာသူတော်စင်တို့၏မေတ္တာတရားသည် လွန်စွာထိရောက်တန်ခိုးထက်လှသောကြောင့် ထိုဆရာတော်ကိုယ်တိုင်ပင် နိုင်ငံရေးကို သွယ်ဝိုက်လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံအတွင်း နေထိုင်သူမှန်လျှင် မည်သူမျှ နိုင်ငံရေးနှင့် ကင်းပြီးမနေနိုင်ပါ။
လူတစ်ယောက်တွင် မိသားစုအရေးဆိုတာ ရှိပါမည်။
မိမိ မိသားစုအရေးကို အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ပေးသူသည် မိသားစုအရေးကို
လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။
ထိုထက် အသိအမြင်၊ လူမှုရေးစိတ်ဓါတ်၊ အများအကျိုးဆောင်ရွက်လိုသူ
စိတ်ကောင်းနှလုံးကောင်းရှိသူ များသည် မိမိရပ်ကွက်အရေးကိစ္စ၊ မိမိမြို့ရွာအရေးကိစ္စ စသည်တို့ကို
အနစ်နာခံကာ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။
ထိုထက် ပိုမိုကြီးကျယ်မြင့်မြတ်သူများသည်
နိုင်ငံတော် နိုင်ငံသားများ၏ အရေးကိစ္စ၊ နိုင်ငံရေးဆိုသည် ကို လုပ်ဆောင်ကြပါသည်။
ထိုကြောင့် အာဏာရှင်စစ်အစိုးရ၏ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသောစကားသည်
တနိုင်ငံလုံ ကြက်ဆူစိုက်ခဲ့ကြရသလို အဓိပ္ပါယ်မဲ့နေပါသည်။

ဦးခင်ညွန့် ၏ စကားများကို လေ့လာကြည့်နိုင်ပါသည်။
မေး။     ။ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ လုပ်တဲ့ ရည်ရွယ်ချက်က လူထုနဲ့ ပြန်ပြီးတော့ ထိတွေ့ချင်တဲ့ ဆန္ဒရော ပါပါ သလား။

ဖြေ။     ။ လုံးဝမပါဘူး။ ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်။ အဲဒါဆိုရင် မေးစရာ မလိုတော့ဘူး။ ဘဘ အေးချမ်းတဲ့ ဘ၀ ထူထောင်မှာလေ။ လူထုနဲ့တွေ့ဖို့ဆိုရင် ဘဘ အပြင်ထွက်မှာပေါ့။ အပြင်ထွက်ပြီး တွေ့တော့မှာပေါ့။ ဘဘရဲ့ ခြံဝန်းထဲမှာလေ၊ ဘဘရဲ့ အေးချမ်းတဲ့ ဘ၀ကို တည်ဆောက်တာ။ ဘဘ နိုင်ငံရေးလုပ်ဖို့ လုံးဝ ကြံရွယ်ချက် မရှိဘူး။ အရင်တုန်းကလည်း နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်က တာဝန်ပေးလို့ ဘဘနိုင်ငံရေး လုပ်ခဲ့တာ။ အခုဆိုရင် ပိုပြီးတော့တောင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားဘူး။ ဘဘ တာဝန်ထမ်းဆောင်တာ နိုင်ငံတော်မှာ ၄၅ နှစ်။ ဘဘ အသက်ကြီးလာပြီ။ ဘဘ အသက်ဘယ်လောက် ရှိပြီထင်လဲ၊ ၇၄ နှစ် ရှိပြီ။ ဒီအသက်အရွယ်မှာ နိုင်ငံရေး လုပ်ရမယ့် အသက်အရွယ် မဟုတ်ဘူးလို့ ဘဘ ခံယူတယ်။ ဒီအသက်အရွယ်မှာ ဘာသာရေး လုပ်ရမယ်။ လူမှုရေးအလုပ်တွေ လုပ်ရမယ်။
http://burma.irrawaddy.org/archives/39785

စစ်အစိုးရသက်ဆိုးရှည်သလောက်
စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးလုပ်ခဲ့ကြသော သူများကို လေ့လာကြည့်ပါ။
နိုင်ငံရေးလုပ်ခဲ့ကြသည့် ထင်ရှားသော
ဆရာတော်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများ၊ မီဒီယာသမားများ
ကျောင်းသားများ
အားလုံးသည်
မိမိအကျိုးစီးပွါး၊ မိသားစုအကျိုးစီးပွါးများကို စွန့်လွတ်အနစ်နာခံခဲ့ကြပါသည်။
နိုင်ငံရေးလုပ်သည့်အတွက် မိမိတို့၏နေရာ၊ ရာထူးစသည်တို့ကို
မမက်မောခဲ့ကြပါ။
ထိုသူများ လုပ်ဆောင်ခဲ့ကြသည်မှာ ယုံကြည်မှုကြောင့်ဖြစ်ပါသည်။
ယုံကြည်မှုဆိုသည်မှာ မှန်သည်ဟုယူဆသည့် ယုံကြည်မှုတစ်ခုအတွက်လုပ်ဆောင်ခြင်း
မှားသည့်အရာများ၊ မှားသည့်လုပ်ရပ်များကို လက်မခံ ငြင်းပါယ်ခြင်း စသည်တို့ကို
ရဲဝံ့စွာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။
ထိုသူများကျေးဇူးကြောင့် ဗမာပြည် အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်နေခြင်းဖြစ်ပါသည်။

ထိုကိစ္စ ထိုအကြောင်းအရာများကို
ဦးခင်ညွန့် နားလည်ခြင်း မရှိပါ။
အမှန်တရားကို မြတ်နိုးလုပ်ဆောင်ခဲ့ကြသော ဒီမိုကရေစီ သူရဲကောင်းများကို
သူကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဒုက္ခအမျိုးမျိုးပေး၊ နှိပ်စက်ခဲ့ပါသည်။
မှတ်တမ်းများ၊ သက်သေအထောက်အထားများ များစွာရှိပါသည်။

ယခု ဘာသာရေးဘဲလုပ်တော့မည် ဆိုလျှင် ၄င်းကိစ္စများကို
ဝန်ချတောင်းပန်မှုရှိမှသာလျှင်
ဘာသာရေးတွင် ခရီးလမ်းဖြောင့်ဖြူးနိုင်ပါလိမ့်မည်။

အမှန်တရားမြတ်နိုးစွာ ဒီမိုကရေစီခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့ကြသော
သူရဲကောင်းများအားလုံး ဦးညွတ်ပါသည်။
ကျမ်းမာ၊ ချမ်းသာစွာ နိုင်ငံရေးကိစ္စများ အောင်မြင်စွာ
ဆောင်ရွက်နိုင်ကြပါစေ .......
R Gan Nu
May20, 2013

Saturday, May 18, 2013

မဆဲမိအောင်

Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားမတိုက်ဆိုင်လို့
အပြန်အလှန် အငြင်းအခုန်၊ နဲ့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြ၊ ရေးသားကြရတာ
ပျော်စရာတော့ အကောင်းသားပါ။
ကိုယ့်ရဲ့ တိုက်ခိုက်မှုအပေါ် ဘယ်လိုများ တုန့်ပြန်လာမလဲ
ကိုယ်တင်လိုက်တဲ့ ပို့စ် အတွက် ဘယ်လိုများ တိုက်ခိုက်ကြမလဲ ဆိုတာ
စိတ်ဝင်တစားရှိနေကြတာ များပါတယ်။
တခုတော့ ရှိတယ်။ သဘောထားကြီးဘို့တော့ လိုပါတယ်။
ခွင့်လွတ် နားလည်တတ်ဖို့လဲ အရေးကြီးပါတယ်။
စိတ်မဆိုး၊ ဒေါသမဖြစ်အောင်ထိမ်းပြီး
ကိုယ်သဘောထား၊ ကိုယ့်ဆန္ဒကို အေးအေးဆေးဆေးနဲ့
တုန့်ပြန်တတ်ဖို့ လိုပါတယ်။
တကယ့်ကို အရေးကြီးတာက
ညစ်ညမ်းတဲ့ အဆဲအဆို အသုံးအနှုံးမျိုးကို မသုံးမိစေဘို့ သိပ်ကိုအရေးကြီးပါတယ်။
အဲဒီလို သုံးလိုက်လို့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ
ဘယ်သူသိတာမှတ်လို့ လို့ အတွေးမျိုးထားမယ်ဆိုရင်
ကိုယ်က ကိုယ့်ကိုယ်ကို တန်ဘိုးမထားရာကျပါမယ်။
ညစ်ညမ်းတဲ့ အသုံးအနှုံးတွေဟာ
မိမိကိုယ်ကိုယ်မိမိ တန်ဘိုးမရှိအောင်လုပ်တာနဲ့ အတူတူဖြစ်သလို
ဘယ်တော့မှလည်း ကိုယ့်ဘ၀ ကိုယ့်အခြေအနေဟာ
ပြောင်ပြောင် ရောင်ရောင် ရှိလာမှာ မဟုတ်ဘူးဆိုတာ
စေတနာကောင်းနဲ့ သတိပေးလိုက်ပါရစေ။

နိုင်ငံရေး နဲ့ မောင်ဖုန်း

ဦး
ကျွန်တော် နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပါတယ်ဗျာ။
နိုင်ငံရေးနဲ့ ပါတ်သက်လို့ သူများတွေ ပြောကြ လုပ်ကြသလို ကျွန်တော် အရမ်းလုပ်ချင်တယ်။
အဲဒါ ဘယ်စာအုပ်တွေ ဖတ်ရမလဲ၊ ဘာတွေ လေ့လာရမလဲ။
မောင်ဖုန်း
ဒါနဲ့ ခဏနေပါဦး
တစ်နေ့က မင်းအမျိုးသမီး ကျမ်းမားရေးမကောင်းလို့ဆို
ဟုတ်ကဲ့ အဲဒါအခု ဆေးခန်းလိုက်မပို့လို့ ဆူညံပူညံလုပ်နေတာ
နားညဉ်းလို့ ဒီဘက်ခဏထွက်လာတာ။
ဒါနဲ့ မင်းသားအငယ်ကောင်က နေ့လည်က ငိုနေပါလားကွ ဆူညံနေတာဘဲ။
ဟုတ်တယ် ဦးရေ သားအငယ်က လွယ်အိပ်ဝယ်မပေးလို့တဲ့
အိမ်ရှေ့က ကလေးတစ်ယောက်က သူအဖေလွယ်အိပ်ဝယ်လာတာမြင်လို့ အဲဒါပူဆာနေတာ
သြော် .. သြော် ...
မောင်ဖုန်း
အခုငါအလုပ်တွေရှိသေးတယ်ကွ
ငါပြောမယ်
မင်း အခုအားနေတာဘဲ
မင်းမိန်းမကို ဆေးခန်းလိုက်ပို့ပေးလိုက်ပါကွာ။
မင်းသား အငယ်ကောင်လဲ လွယ်အိပ်ဝယ်ပေးလိုက်။
တကယ်လို့ မင်းမှာ လောလောဆယ် ပိုက်ဆံမရှိသေးဘူးဆိုယင်
ဒေါ်ကြီးငွေ စီ ငါကလို့ပြောပြီး ပိုက်ဆံချေးသွား။
နောက်မင်းအဆင်ပြေအောင် အလုပ်ကြိုးစားပြီးပြန်ဆပ်ပေါ့။
ဟုတ်ပြီလား
သွား .. သွား ..
အချိန်ရှိတုန်း
နောက်မှ မင်းနဲ့ငါ နိုင်ငံရေးကြောင်းတွေ ဆွေးနွေးကြတာပေါ့။